Home သတင်း စစ်ရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ တောင်ကုတ် ဒေသခံတွေကို စစ်ကောင်စီက ဆေးကုသခွင့်မပေး

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ တောင်ကုတ် ဒေသခံတွေကို စစ်ကောင်စီက ဆေးကုသခွင့်မပေး

174
0
မင်ပြားမြို့၊ မြစ်နားကျေးရွာကိုစစ်ကောင်စီ တိုက်ခိုက်လို့ နေအိမ်ပျက်စီသွားမှုမြင်ကွင်း။ပုံ-ပေးပို့။

ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက တန်းလွဲရွာမနဲ့ ကျောက်ဆိပ် ကျေးရွာကို မနေ့က ညနေပိုင်းက စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့တာပါ။

အဲဒီထဲက ဒဏ်ရာရသူတွေကို တောက်ကုတ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် တောင်ကုတ် တက္ကသိုလ်အနားမှ ချထားတဲ့ စစ်ကောင်စီဂိတ်က လူနာတွေကို ဝင်ခွင့်မပေးဘူးလို့လည်း တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။

“လူနာတွေက ခြေထောက်ပြတ်တာ တစ်ယောက်ပါတယ်။ကျန်တဲ့ ၃ ယောက်လည်း ဒဏ်ရာပြင်းတယ်။အခုကစကစဂိတ်က လူနာတင်လာတဲ့ ကားတွေကို ဝင်ခွင့်ပိတ်ထားတယ်လို့ သိရတယ်။စောင့်နေကြတာ မနက်ကတည်းကပင် အခုအချိန်ထိ လူနာတွေကို မြို့ဆေးရုံကို သယ်ယူခွင့် မပေးသေးဘူး။သေမယ်ဆိုရင် လူနာတွေ သေမယ့် အနေအထားမှာရှိနေပြီလို့ “အဲဒီဒေသခံတစ်ဦးကပြောပါတယ်။

အခုလို စစ်ကောင်စီက လူနာပါတဲ့ကားကို ဝင်ခွင့်မပေးဘူးဆိုတာဟာ ပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ နဲ့ ညှင်းပမ်းနှိပ်စက်နေတာဖြစ်ပြီး ဒီကိစ္စဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

” တကယ်စိတ်မကောင်းဘူး အခုဖြစ်နေတာကို ပြည်သူတွေဆိုတာကိုလည်း သူတို့ သိတယ်။အခုဝင်ခွင့်မပေးတော့ လူနာတွေ သေသွားနိုင်တယ်။ဒီလိုလုပ်ရပ်က မဖြစ် သင့်ဘူး။သူတို့လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ကြားမှာ ပြည်သူတွေကို အခုလို လုပ်တာ တော့ မကောင်းဘူးလို့”သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပေမယ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာ အနည်းငယ်သာ ရှိနေသေးတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ တောင်ကုတ်မြို့နယ်အတွင်းက အရပ်သားပြည်သူ နေထိုင်ရာကျေးရွာတွေကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာ တွေ ရှိနေတာကြောင့် အရပ်သားသေဆုံးမှုတွေလည်း များစွားရှိနေရပါတယ်။

CNA၊မြတ်သူ။

LEAVE A REPLY

Please enter your comment!
Please enter your name here