Home သတင်း စစ်ရေး စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောမှာ ဒေသခံတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောမှာ ဒေသခံတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

57
0
မောင်တောမြို့ဝင်ဆိုင်းဘုတ်မြင်ကွင်း။ပုံဟောင်း။

မောင်တောမှာ ဒီနေ့ နေ့လယ်က စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံတစ်ဦး သေဆုံးကာ ၃ ဦးအပြင်အထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတဲ့သူမှာ အသက် ၂၅ နှစ်အရွယ် မခင်ခင်အေးဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရရှိသူတွေကတော့အသက် ၆၀ အရွယ် ဒေါ်ခင်မာစိန်၊ အသက် ၁၁ နှစ်အရွယ် ဇော်မျိုးဦး နဲ့အသက် ၃၃ နှစ်အရွယ် ဒေါ်မသန်းအေးတို့ဖြစ်ကြပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်ခဲ့တာဟာစစ်ကောင်စီလက် အောက်ခံ တမန်းသားစစ်ကောင်စီတပ်စခန်းက ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တမန်းသား စစ်ကောင်စီတပ်စခန်းက ပစ်တာပါ။ တိုက်ပွဲဖြစ်တာတော့မရှိပါဘူး။ ရွာကို တည့်တည့်ပစ်ခတ်ခဲ့တာပါ။ တစ်ယောက်ကတော့ သေသွားပါတယ်။ကျန် ၃ ယော က်ကတော့ အပြင်းအထန်ဒဏ်ရာ ရထားပါတယ်”လို့ပြောပါတယ်။

အလားတူဘဲ ဒီနေ့ နေ့လယ် ၁၂ နာရီခန့်က မင်းပြားမြို့နယ်ကို စစ်ကောင်စီ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကြောင်ရှည်ချောင်းရွာကို လက် နက်ကြီး ကျရောက်ပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစတင်ခဲ့ကတည်းကပင်စစ်ကောင်စီက လူနေရပ်ကွက်တွေ ကျေးရွာတွေကို တို က်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေ ၊ဒရုန်းတွေ၊တိုက်လေယဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အပြစ်မဲ့ အရပ်သား ၇၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here