Home သတင်း စစ်ရေး မင်းပြားမြို့ပေါ်ကို စစ်ကောင်စီက ရေကြောင်း လေကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မင်းပြားမြို့ပေါ်ကို စစ်ကောင်စီက ရေကြောင်း လေကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

39
0
စစ်ကောင်စီလေယာဉ်အား မြင်တွေ့ရပုံ။

စစ်ကောင်စီတပ်တွေက မင်းပြားမြို့ပေါ်ကို ရေကြောင်း နဲ့ လေကြောင်းက နေ လက်နက်ကြီးတွေနဲ့ အဆက်မ ပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၇ နာရီကတည်းကပင် စစ်ကောင်နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိသလို Mi 35 ရဟတ်ယာဥ်နဲ့ အဆက်မပြတ် လာရောက်ပစ်ခတ်တာ တွေရှိနေတယ်လို့ မင်းပြားဒေသခံတစ်ဦးကပြောပါတယ်။

“ပျက်စီး သေဆုံးအခြေအနေကိုတော့မသိဘူး။ မနက် ၇ နာရီလောက်ကတည်းကပင်ပစ်နေတာ ရေကြောင်း၊ လေကြောင်းကနေပြီးတော့ မြို့ပေါ်မှာလည်း ဘယ်သူမှမရှိကြတော့ဘူး အကုန်ကြောက်ပြီး ပြေးကုန်ကြပြီ”လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မင်းပြားမြို့စျေးတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကပင် စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် အေအေက သိမ်းယူနေပါတယ်။

အဲဒီလို စခန်းတွေကို ဆက်တိုက်သိမ်းခံနေရတဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ၊စျေးတွေ ၊လူနေရပ်ကွက်တွေ ၊ ဘုရားတွေ ၊ သမိုင်းဝင် ရှေ့ဟောင်းအမွေအနှစ် ရှိရာနေရာတွေကို လက်နက်ကြီးတွေ နဲ့ပစ်ခတ်တာ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင် လာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here