ရခိုင်က စစ်ကောင်စီ အခြေစိုက် မီးဝဗျူဟာကုန်း အပါအဝင် ၃၇၇ အမြောက်တပ်စခန်း၊ ရီစိုချောင်းဗျူဟာကုန်း နဲ့ လင်းမြွေတောင် တပ်စခန်းတွေ ကို ရက္ခိုင့်တပ်တော် အေအေက ထပ်မံ သိမ်းဆည်း ရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေ ကသတင်းထုတ်ပြန်လာပါတယ်။
အဲဒီမီးဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အေအေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ ကတည်းကပင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ရက်အကြာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရက္ခိုင့်တပ်တော် အေအေ က သိမ်းပိုက်နိုင်ခဲ့ တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခု ၄ရက်အတွင်းမှာ သိမ်းပိုက် နိုင်ခဲ့တဲ့ မီးဝဗျူဟာကုန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ရက်ပေါင်း ၄၀ ကျော်အကြာ တိုက်ခိုက်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခြင်း မရှိခဲ့တဲ့ ဗျူဟာကုန်းတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီအပြင် ဇန်နဝါရီလ ၁၄ ရက်နေ့ မှာလည်း ကျောက်တော်မြို့နယ် အတွင်းက စစ်ကောင်စီအမြောက်တက်စခန်းဖြစ်တဲ့ အမှတ် ၃၇၇ တပ်စခန်းကိုလည်း သိမ်ပိုက်နိုင်ခဲ့သလို ရသေ့တောင်မြို့နယ် အတွင်းက “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲက ရီစိုချောင်းဗျူဟာ စစ်ကောင်စီအတွက် မဟာဗျူဟာ ကျတဲ့ ဗျူဟာကုန်း တစ်ခုဖြစ်တာကြောင့် ရက္ခိုင့်တပ်တော် အေအေ ဆီမှာ နှစ်ရှည်လများ ပိတ်ဆို့ ခံထားရတဲ့ နောက်မှာတောင့်ခံနိုင်စွမ်း မရှိတော့တဲ့ အတွက်စစ်ကောင်စီတပ်သားတွေ ဟာ စခန်းကို စွန့်ခွါထွက်ပြေးသွားကြတာလည်း ဖြစ် ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေ ကို လိုက်လံ ရှင်းလင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
ထို့အတူဘဲ လင်းမြွေတောင် ကစစ်ကောင်စီစခန်းကိုလည်း ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရက္ခိုင့်တပ်တော် အေအေ က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပလက်ဝဒေသအတွင်းမှာလည်း စစ်ကောင်စီ တပ်စခန်း အားလုံးကို ရက္ခိုင့်တပ်တော် အေအေ က သိမ်းပိုက်ထားနိုင် ခဲ့ပြီး စစ်ကောင်စီတပ်ကင်းမဲ့ နေမြေ တစ်ခု ဖြစ်နေပြီးဖြစ်တယ်လို့ ဇန်နဝါရီလ ၁၄ ရက်နေ့ မှာ ရက္ခိုင့်တပ်တော် အေအေ ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒါတွေ အပြင် စစ်ကောင်စီ တပ်သားတွေအနေနဲ့လည်း မသေ မနာစေချင်ရင် အလံဖြူထောင် လက်နက်ချဖို့ အတွက်ကို ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရာဇသံပေး ပြောဆိုထားပါတယ်။