တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်က မြို့နယ် ၇ နဲ့အထက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၊လေ ကြောင်းဗုံးကြဲတာတွေကြောင့် ဇန်နဝါရီလ ၁၅ ရက်နေ့ တစ်ရက်ထဲမှာဘဲ ဒေသခံပြည်သူ ၈ဦးထက်မနည်း သေ ဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေက သတင်းထုတ်ပြန်ပါတယ်။
ရက္ခိုင့်တပ်တော် အေအေရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အပြစ်မဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာကြောင့်လို့ ဆိုထားပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့က စစ်တွေမြို့တောကန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်မှာ အသက်ကြီးပိုင်း အမျိုးသား တစ်ဦးနဲ့ အမျိုး သမီးတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုထားပါတယ်။
အဲဒါတွေအပြင် ကျေးရွာအတွင်းက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတစ်ရက်တည်းမှာဘဲ မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ရွာခံ ၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦး ဒေသခံတွေ ပြော ဆိုချက်အရ သိရပါတယ်။
ဘူးသီးတောင်မြို့နယ်က ဆင်သေပြင်ကျေးရွာကို စစ် တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် သက်ကြီးပိုင်းအရွယ် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထက် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲတာတွေအပြင် အဲဒီတစ်ရက်တည်းမှာဘဲ ရခိုင်နဲ့ ချင်းပြည်နယ် နယ်စပ်က ပလက်ဝမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ဗုံးစထိမှန်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါဝင် ဒေသခံ ၃ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ မင်းပြားနဲ့ အမ်းမြို့နယ်အတွင်းမှာ လုံခြုံ ရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ရက္ခိုင့်တပ်တော် အေအေ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါတွေအပြင်အေအေဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ အရပ်သားတွေနေထိုင်တဲ့ မြို့ရွာတွေထဲကို ကျရောက်ပေါက်ကွဲတာတွေလည်းရှိတယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။