သံတွဲမြို့နယ် အတွင်းက စာနီတောင်အနီးဝန်းကျင်နဲ့ တလင်းဆိပ်ကျေးရွာ ကို မနေ့က စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြော င်းတိုက်ခိုက်တာကို ထပ်မံလုပ်ဆောင်ခဲ့တာရှိတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
စစ်ကောင်စီဟာ သံတွဲမြို့နယ် စာနီတောင် အနီးမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ရုံး နဲ့ သံတွဲမြို့ ဒွါရာဝတီခန်းမကို စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၄ ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ရသလို ၂၅ ဦးဟာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက စာနီတောင် အနီးဝန်းကျင် နဲ့ တလင်းဆိပ်ကျေးရွာ ကို ၃ ကြိမ်ဆက်တိုက် လေကြောင်းက ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သံတွဲ ဒေသခံ တစ်ဦးကပြောပါတယ်။
“မနေ့က ညနေက လေကြောင်းတိုက်ခိုက်တာ ထပ်လုပ်ခဲ့သေးတယ်။လူတော့ထိခိုက်တာတော မရှိခဲ့ပါဘူး။တလင်းဆိပ်ရွာလမ်းမဘေး မှာဆိုရင် မပေါက်ကွဲတဲ့ လက်နက်ကြီးတစ်လုံးတောင် ကျန်နေခဲ့သေးတယ်။ဘယ်သူမှတော့ မသွားရဲဘူး။ညဖက်မှာလည်း တစ်ညလုံးလေယာဉ်ပျံနေတာတော့ ရှိတယ်လို့” သူကပြောပါတယ်။
အခုလို စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွါးတာမရှိပဲ လေကြောင်းက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်နေတာကြောင့် သံတွဲမြို့ အတွင်းမှာ နေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေ အနေ နဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ နဲ့ နေထိုင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ မအိပ်ရဲတော့ ထိုင်နေရတယ်။ဒီအဖြစ်ဆိုးကြီးက ဘယ်တော့ပြီးမလဲမပြောတတ်ဘူး။ရှုံးရင်လည်း ကိုယ့်ဘာကို နေရင်ပြီးတာကို အခုကျမတို့ မနေရဲဘူး။ထွက်သွားဖို့ကလည်း မဖြစ်နိုင်ဘူးလို့”သံတွဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးကဆိုပါတယ်။
ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်နေမှုကို လက်မခံနိုင်ပဲဖြစ်နေတဲ့ စစ်ကောင်စီဟာ တောင်ကုတ်မြို့၊မြေပုံမြို့ နဲ့သံတွဲမြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ၃ ရက်အတွင်းမှာ အရပ်သားပြည်သူ သခံ ၁၈ ဦးသေဆုံပြီး ၃၆ဦးဒဏ်ထိဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
CNA၊မြတ်သူ။