Home သတင်း စစ်ရေး အမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိထားတယ်လို အေအေထုတ်ပြန်

အမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိထားတယ်လို အေအေထုတ်ပြန်

96
0
ပုံ၊ သြဂုတ်လ ၂၅ ရက်နေ့ က မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းမှာ အေအေက ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ပုံဟောင်း။

အမ်းမြို့နယ် အတွင်းမှာ အင်အား ၁၀၀ ခန့် ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု နဲ့ အာရက္ခတပ်တော် အေအေတို့ နှစ်နာရီအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီတပ်သား အလောင်း ၅ လောင်း နဲ့ အတူ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင် ပစ္စည်းတချို့ကိုလည်း သိမ်း ဆည်း ရမိခဲ့တယ်လို့ အေအေက ဒီနေ့မှာသတင်းထုတ်ပြန်လာပါတယ်။

အဲဒီ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ စစ်ကောင်စီရဲ့ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂ တပ်ရင်းနဲ့ စုပေါင်းထားတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာရဲ့ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာ မှာ စက်တင်ဘာလ (၂၆) ရက်နေ့၊ မနက် (၁၁) နာရီ (၅၀) မိနစ်ကစင်တင်ကာ ၂ နာရီနီးပါး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို့ ၂ နာရီ နီးပါးအကြားနှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွဲခဲ့ပြီးနောက်မှာ အခုလို စစ်ကောင်စီတပ်သား အလောင်း ၅ လောင်း နဲ့ အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တာလို့ အေအေထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ စက်တင်ဘာလ (၂၇) ရက်နေ့၊ မနက် (၁၀) နာရီဝန်းကျင်းမှာလည်း အဲဒီနေရာ အနီးဝန်းကျင်မှာ ထပ်မံ တိုက်ပွဲ ဖြစ်ပွါးတာတွေ ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေ ဟာ အကျအရှုံးတချို့နဲ့ နောက်ဆုတ်သွားခဲ့တာ ရှိခဲ့ပြီး ဒီနေ့မှာလည်း စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းနဲ့ ခြင်းတောင်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ် လို့ ဆိုပါတယ်။

အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ဟာ ဂွမြိုနယ်အတွင်းက ကျောက်ပါးစပ်ရွာရဲ့ အရှေ့တောင်ဘ က် မီတာ (၁၀၀၀) ခန့်အကွာက ကျိန္တလီကားလမ်းမအနီးမှာ ရှိတဲ့ တောင်ကုန်းမှာလည်းစက်တင်ဘာလ (၂၄) ရက်နေ့က ၂နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်တောမြိုကိုလည်း အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် အာရက္ခတပ်တော် အေအေ အနေ နဲ့ မောင်တောမြို့တွင်းမှာ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်တွေမှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်သားတွေ နဲ့ စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင်အကြမ်းဖက် အပါအဝင်ARSA၊ RSO၊ ARA အစရှိတဲ့ လက်နက်ကိုင် အကြမ်းဖက်သူတွေကိုလည်း လိုက်လံ ရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် အေအေ အနေနဲ့ မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ အတွက်လည်း မောင်တောမြို့အတွင်းက တစ်ခုတည်းကျန်ရှိနေတော့တဲ့ စစ်ကောင်စီ တပ်စခန်း နခခ (၅) ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ လည်း ဆိုပါတယ်။

အာရက္ခတပ်တော် အနေ နဲ့ အာရက္ခဒေသအတွင်းမှာ အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်စခန်းတွေ ကိုလည်း တစ်ခုမကျန် သိမ်းပိုက်ရရှိနိုင်ဖို့ အတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ထုတ်ပြန်ချက်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here