CNA၊ဂူးဂူး။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်အတွင်းက ကုလားပြင်ကျေးရွာအနီး မှာ အာရက္ခတပ်တော် AA နဲ့က စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၄ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲ အပြင်းအထန်နေတယ်လို့ ဂွဒေသခံတွေ ကပြောပါတယ်။
ဒီကနေ့မှာလည်း အဲဒီကျေးရွာအနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအပါဝင် လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ် လို့ တိုက်ပွဲကြားထဲမှာ ရှိနေတဲ့ ဒေသခံတစ်ဦး ကပြောပါတယ်။
” စစ်ကောင်စီက လေကြောင်းတိုက်တာရော လက်နက်ကြီးပစ်တာ ရောလုပ်နေတယ်။ လက်နက်ကြီးကတော့ ပုဂံတောင်က ပစ်တာလို့ သိရတယ်။ကိုင်ခုံနဲ့ကုလားပြင်မှာ အိမ်တွေကို လက်နက်ကြီးတွေ တော်တော်ထိတယ်။ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ လည်းရှိတယ်။ စစ်ကောင်စီဘက်က အကျအရှုံးတော်တော် များတယ်။”
လက်ရှိမှာတော့ တို်က်ပွဲပြင်းထန်နေတဲ့ ကိုင်းခုံ နဲ့ ကုလားပြင်ကျေးရွာက ဒေသခံတွေဟာ “ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပြီး စားဝတ်နေရေးအခက်ခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ တိမ်းရှောင်ထွက်ပြေးနေသူအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခုက အကုန်ထွက်ပြေးနေရတယ် စားသောက်ဖို့ အတွက်တော်တော်ခက်ခဲနေတယ်။မနေ့ ညကတည်းကပင် ထွက်ပြေးနေကြရတာ။ပြည်သူတွေမှာလည်း ဘာမှာ ပါမလာဘူး ။ ကျမတို့ ဘေးလွတ်ရာနေရာတွေကိုတော့ရောက်နေပြီ တပ်တော်ကို လာခေါ်ဖို့ကိုကျမတို့မျှော်နေ တယ်။တိုက်ပွဲကတော့ အခုအချိန်ထိ တော်တော် ပြင်းပြင်းထန်ထန် ဖြစ်နေတုန်းဗျာ။”
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သွားမယ်လို့ AAဘက်က ပြောဆိုထားပါတယ်။





l3rzwb
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.