Home သတင်း စစ်ရေး ARSA နဲ့ RSO အဖွဲ့တွေက စစ်ကောင်စီ ကပစ စက်ရုံထုတ်လက်နက်တွေအသုံးပြုကာ ရခိုင်မှာ တိုက်ခိုက်မှုလုပ်နေ

ARSA နဲ့ RSO အဖွဲ့တွေက စစ်ကောင်စီ ကပစ စက်ရုံထုတ်လက်နက်တွေအသုံးပြုကာ ရခိုင်မှာ တိုက်ခိုက်မှုလုပ်နေ

68
0
ပုံ၊အာရက္ခတပ်တော် အေအေက ARSA ၊ RSOအဖွဲ့က သိမ်းဆည်း ရမိထားတဲ့ လက်နက်ခဲယမ်းများ။AAInfodesk

CAN ၊မြတ်သူ။

ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေက ရခိုင်မှာ စစ်ကောင်စီရဲ့ ကပစ စက်ရုံထုတ် လက်နက်တွေကို အသုံးပြုပြီးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာတွေ ရှိတယ်လို့ အာရက္ခတပ်တော်အေအေက သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခု အောက်တိုဘာလ (၆) ရက်နေ့၊ ညနေ (၃) နာရီ (၄၉) မိနစ်က ဘူးသီးတောင်မြိုနယ်၊ ရွှေထား(မူဆလင်) ရွာရဲ့ အနောက်ဘက် (၄.၉) ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ARSA အကြမ်းဖက်လက်နက်ကိုင်မွတ်ဆလင်စခန်းတစ်ခုကို အာရက္ခတပ်တော် အေအေ ဝင်ရောက်တိုက်ခိုက်တာလုပ်ဆောင်ခဲ့ပြီးနောက်မှာ အဲဒီစခန်းကို အာရက္ခတပ်တော် အေအေ က သိမ်းပိုက်ရရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဲဒီစခန်းအတွင်းက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ နဲ့ အဲဒီအကြမ်ဖက်အဖွဲ့ ထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်းတချို့ကိုလည်း အာရက္ခတပ်တော် အေအေ က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပုံ၊အာရက္ခတပ်တော် အေအေက ARSA ၊ RSOအဖွဲ့က သိမ်းဆည်း ရမိထားတဲ့ လက်နက်ခဲယမ်းများ။AAInfodesk

အဲဒီလိုဘဲ မောင်တောမြိုနယ်အတွင်းမှာလည်း အောက်တိုဘာလ (၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ်က နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြတဲ့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကို RSO မွတ်လဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲဝင်အချို့က ပစ်ခတ်တိုက်ခို က် ခဲ့တာကြောင့်စစ်ကောင်စီရဲ့ တပ်စခန်းဟောင်းဖြစ်တဲ့ လိပ်ရစခန်းအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာလည်း RSO မွတ်လဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲဝင်တွေကိုင်ဆောင်ထားတဲ့ MA-2 (၁) လက် G3 (၂) လက် နဲ့ကြောပိုးအိတ် (၁၂) လုံး နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို အာရက္ခတပ်တော် အေအေက ထပ်မံသိမ်းဆည်း ရမိခဲ့ပါတယ်။

အဲဒီလို ARSA ၊ RSO အဖွဲ့တွေဆီက သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းအများစုဟာ စစ်ကောင်စီရဲ့ ကပစ စက်ရုံထုတ် လက်နက် တွေဖြစ်ပြီးကြပြီး အဲဒီလက်နက်တွေကို စစ်ကောင်စီကိုယ်တိုင်က ARSA နဲ့ RSOအဖွဲ့တွေကို တပ်ဆင်ပေးထားတာ ဖြစ်တယ်လို့ အေအေ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်တွေ မှာ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA နဲ့ RSOအဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ အနေ နဲ့ သတိထားသွားလာ ကြဖို့ကို အာရက္ခတပ်တော်အေအေက တိုက်တွန်းပြောဆိုထားပါတယ်။

ပုံ၊အာရက္ခတပ်တော် အေအေက ARSA ၊ RSOအဖွဲ့က သိမ်းဆည်း ရမိထားတဲ့ လက်နက်ခဲယမ်းများ။AAInfodesk

LEAVE A REPLY

Please enter your comment!
Please enter your name here