CNA၊မြတ်သူ။
ရခိုင်တောင်ပိုင်း ဂွမြို့နယ် အတွင်းက ကုလားပြင်(ရတနာမြိုင်) ရဲစခန်းကိုအပြီး သတ်သိမ်းပိုက်ပြီးတဲ့နောက်မှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဟာ ဂွမြို့နယ် အနီးတဝိုက်က ကုတို့လေး၊သဗြုချောင်း နဲ့ ကြွေချိုင်ကျေးရွာ အနီးတဝိုက်ထိရောက်ရှိ လာတာပါ။
အခုလို နှစ်ဘက်တိုက်ပွဲတွေ မြို့အနီးအနားကို ရောက်ရှိနေတာကြောင့်ဂွမြို့ အနီးအနားတဝိုက်က ဒေသခံတော်များများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရ တာဖြစ်ပါတယ်။
အဲဒီလို ထွက်ပြေးတိမ်းရှောင်သူတွေကို အာရက္ခတပ်တော်AAထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို မသွားကြဖို့ စစ်ကောင်စီက တားမြစ်နေတယ်လို့လည်း စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။
“ဟိုတနေ့က ကျနော်တို့ ကုတို့လေး၊သဗြုချောင်း ၊ကြွေချိုင်ကျေးရွာက သံတွဲ နဲ့ ကျိန္တလီကို စစ်ရှောင်ဖို့ ထွက်တဲ့ သူတွေကို စကစက သွားခွင့်မပြုဘူး အဲဒီကို သွားမရဘူးပြောတယ်။ဂွမြို့နယ်ဘက်ကိုတော့ သွားလို့ရတယ်ဆိုပြီးတော့ ပြောလို့ ပြန်လာကြရတယ်လို့”စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီက အဲဒီလို ပိတ်ဆို့ထားတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ လွတ်မြောက်နယ်မြေအတွင်းကို စစ်ဘေးရှောင်ထွက်ခွင့်မရပဲ ပြန်လည် ဝင်ရောက်လာခဲ့ရ တယ်လို့ စစ်ဘေးရှောင်ထွက်ခွါသူတွေက ဆိုပါတယ်။
သဗြုချောင်းကျေးရွာအတွင်းက စစ်ဘေးရှောင်ဖို့ ထွက်လာသူ တစ်ဦးက “သူတို့က ပြည်မကို ထွက်ခွင့်ပြုတာ ဟုတ်ပါပြီ ကျနော်တို့မှာ အလု ပ်အကိုင် မရှိတော့ အိမ်ငှား၊စားသောက်နေဖို့ အတွက်က ငွေက မရှိဘူး ဘာပဲ ဖြစ်ဖြစ် လွတ်မြောက်နယ်မြေမှာဆိုရင် အကူအညီတချို့ ရမယ် စားဝတ်နေရေးလည်း အရမ်းခက်ခဲမှာ မဟုတ်လို့ ထွက်တာ ထွက်ခွင့် မပြုဘဲ ပြည်မဘက်ကို ထွက်ဖို့ ပြောတာက ကျနော်တို့တွေကို ခက်ခဲအောင်လုပ်တာလို့ မြင်မိတယ်လို့”သူက ဆိုပါတယ်။
လက်ရှိ ဂွမြို့နယ် အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးမှု အခြေအနေဟာ ငြိမ်သက်နေပေမယ့် ကုတို့လေး၊သဗြုချောင်း ၊ကြွေချိုင်ကျေးရွာအနီးမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့်အဲဒီအနီးဝန်းကျင်က ဒေသခံတွေဟာ အခုလို စစ်ဘေးနဲ့ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးရှောင်ဖို့ထွက်ခွါ နေကြတာလည်းဖြစ်ပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.