Home သတင်း စစ်တပ်သတင်း သံတွဲ နဲ့ ကျိန္တလီက စစ်ဘေးရှောင် သုံးသောင်းကျော် စားဝတ်နေရေး ခက်ခဲနေ

သံတွဲ နဲ့ ကျိန္တလီက စစ်ဘေးရှောင် သုံးသောင်းကျော် စားဝတ်နေရေး ခက်ခဲနေ

68
0
ပုံ၊ သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်များတွေ့ ရစဉ်။ CNA

CNAဂူးဂူး။

သံတွဲ နဲ့ ကျိန္တလီမှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်လောက်ဟာလက်ရှိစားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရပြီး အကူအညီပေးရေးတွေ လုပ်ဆောင်ပေးဖို လိုအပ်နေတယ်လို စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

သံတွဲမြိုနယ် နဲ့ ကျိန္တလီမြိုကို အာရက္ခတပ်တော် အေအေ ကအပြီးသတ် သိမ်းပိုက်လိုက်ပြီး ဖြစ်ပေမယ့် စစ်ဘေးရှောင် တွေ အနေနဲ့ စစ်ကောင်စီ ရဲ့ လေ ကြောင်းရန် နဲ့ စစ်ကျန်လက်နက်တွေ ရှင်းလင်းမှု မလုပ်ဆောင်နိုင်သေးတာကြောင့် နေရပ်ကို ပြန်ခွင့် မရသေးပဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒီလိုသောင်း နဲ့ ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ခွင့်မရသေးတာကြောင့် လက်ရှိမှာ စစ်ဘေးရှောင်တွေ အနေ နဲ့ စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို ကျိန္တလီမြိုနယ် အတွင်းက စစ်ဘေးရှောင် အရေး ကူညီပေးနေသူ တစ်ဦးကပြောပါတယ်။

“လက်ရှိမှာက ကျိန္တလီမှာ ဆန်တစ်အိတ်ကို ၃ သိန်းခွဲလောက်ရှိတယ် ဝယ်လို မရတဲ့ အနေအထား။လက်ရှိစစ်ရှောင်တွေ မှာကတော့ စာနပ်ရိက္ခာ နဲ့ ဆေးဝါး တွေကတော့အများကြီးလိုအပ်နေပါသေးတယ်။စစ်ဘေးရှောင်တွေကလည်း အခု ဂွဘက်ကို တိုက်ပွဲရောက်လာတာနဲ့ အမျှတိုးလာနေတယ်ဆိုတော့။ပြီးတော့ ကျနော်တိုတွေ မှာကလည်း အလှူရရှိမှုနည်းပါတာတွေလည်း ရှိနေတော့ရှိနေတဲ့ လူဦးရေ နဲ့ ဝင်ငွေ နဲ့ မကိုက်ဖြစ်နေတော့ ကျနော်တိုလည်း အရမ်းကြီး မကူညီနိုင်တဲ့ သဘောမှာ ရှိတယ်လို”သူကပြောပါတယ်။

အဲဒီလို့ပဲ သံတွဲမြို့နယ် အတွင်းမှာလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော်ထိရှိနေပြီး အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာလည်း စားဝတ်နေရေး အတွက် အခက်အခဲ များစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

“ကျေးရွာ ၁၂ရွာကျော်လောက်က စစ်ရှောင် ဦးရေကတော့ ၂သောင်းကျော်လောက်ရှိနေတယ် ကျနော်တို့ သံတွဲမှာလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ပြည်သူတွေပေါ့။ဆိုတော့ ကျနော်တို့လည်း ရနိုင်သလောက်တော့ ကူညီပေးနေတယ် ဒါပေမယ့်အလှူငွေအရနည်းတော့ ကျနော်တို့လည်း တော်တော်အခက်အခဲဖြစ်တယ်။ခက်ခဲတယ်ဆိုတာထက်ကို ပိုပြီးခက်ခဲနေကြတယ် အခုက စစ်ဘေးရှောင်တွေကလို့”သူကပြောပါတယ်။

အဲဒီလိုအခက်အခဲတွေ နဲ့စစ်ဘေးရှောင်ပြည်သူတွေ ရင်ဆိုင်နေကြရတာကြောင့် ပြည်တွင်းပြည်ပကိုရောက်နေကြတဲ့ ပြည်သူတွေ အနေ နဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အဆင်ပြေလာနိုင်ဖို့ အတွက် ကူညီထောက်ပံ့မှုတွေ ပေးစေချင်တယ်လို့ စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးနေသူတွေကတောင်ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here