Home သတင်း စစ်ရေး လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့စွယ်တော်အမြောက်စခန်းကုန်းကို (K.N.L.A)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့စွယ်တော်အမြောက်စခန်းကုန်းကို (K.N.L.A)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

98
0
ဓါတ်ပုံ − စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ။KNU

လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့က ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ် အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး ဖြစ်တယ်လို့ KNU က အောက်တိုဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီစွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်း ဟာ ၂၀၀၃ ခုနှစ်က စပြီးတော့ ထိုင်း−မြန်မာ နယ်စပ် အနီးကတပ်စခန်း တစ်ခုအဖြစ်နဲ့ တပ်စွဲအခြေချခဲ့တဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။အဲဒီနောက် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းမှာအရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ တပ် တွေက တာဝန်ယူပြီးနောက်ပိုင်းမှာ တပ်မ (၂၂) တပ်မ (၄၄) အပြင် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲနေထိုင်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်စခန်းဟာထိုင်းမြန်မာနယ်စပ်မှာ နယ်မြေစိုးမိုးရေး နဲ့ နယ်စပ်လုံခြုံရေးအတွက်ဆိုပြီးတော့ ရည်ရွယ်တည်ဆော က်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပေမယ့် လေးကေ့ကော် မြို့သစ်ကိုကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြဝတီ နဲ့ ဖလူးဒေသတစ်လျှောက်ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ပြီး ပြည်သူလူထုကို အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူး လွန်နေတဲ့ အဓိက တပ်စခန်း တစ်ခုလည်းဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ အဲဒီတပ်စခန်းကို (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက်မှာ အခုလို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီစခန်းကို သိမ်းပိုက်ချိန်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေ နဲ့ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နဲ့ လက်နက်ငယ်အပါအဝင် ခဲယမ်းအမြှောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်းကေအဲန်ယူ – တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းမှာ ကျန်ရှိနေသေးတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအားလုံးကို (K.N.L.A) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာတွေဆက်လက်လုပ်နေပြီး စစ်ကောင်စီတပ်စခန်းအတွင်းမှာ ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာလည်း စိတ်ဓာတ်ရေးရာအရ ပျက်ပြားကာ နေ့စဉ်နဲ့အမျှ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here