Home သတင်း KIA ဖမ်းဆီးထားတဲ့ Red News Agency သတင်းထောက် ၂ ဦးကို ပြန်လွတ်ပေးဖို့ တောင်းဆို

KIA ဖမ်းဆီးထားတဲ့ Red News Agency သတင်းထောက် ၂ ဦးကို ပြန်လွတ်ပေးဖို့ တောင်းဆို

58
0
ပုံ၊KIA ကဖမ်းဆီးထားတဲ့ သတင်းထောက် ၂ ဦးပုံ။Red News Agency

Red News Agency သတင်းဌာနရဲ့ ဖားကန့်သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုတာလင်းမောင် နဲ့ ကိုနောင်ရိုးတို့ကို KIA အနေ နဲ့ ပြန်လွတ်ပေးဖို့ကို Red News Agency သတင်းဌာနက သတင်းထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Red News Agency သတင်းထောက်ကိုတာလင်းမောင် နဲ့ Red News Agency သတင်းဌာနရဲ့အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

Red News Agency သတင်းထောက် ကိုတာလင်းမောင် ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စက်တင်ဘာလ ၂၉ ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး Red News Agency သတင်းဌာနရဲ့အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ KIA ကလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုတာမောင်လင်းမှာ CDM ပြုလုပ်ထားသူ တစ်ဦးဖြစ်သလို ကိုနောင်ရိုးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

သူတို့နှစ်ဦးဟာ ပြည်သူလူထုအတွက် ဒေသအတွင်းက သတင်းမှန်တွေကိုရေးသားနေသူတွေဖြစ်တာကြောင့် KIA အနေ နဲ့ Red News Agency သတင်းဌာနရဲ့ သတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်လို့ တောင်းဆိုထားပါတယ်။

အဲဒါတွေအပြင် လက်ရှိ KIA အနေ နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြိုပမ်းနေချိန်ကာလမှာ သတင်းလွတ်လပ်ခွင့်ကို အလေးအနက်ထားပေးဖို့ လိုအပ်တယ်လို့လည်းတိုက်တွန်းပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here