CNA၊မြတ်သူ။
ဂွမြို့နယ်အတွင်းက ဇီးကုန်းကျေးရွာ နဲ့ ဆပ်သွားတိုက်နယ်ဆေးရုံတွေကို အခြေစိုက်ယူထားတဲ့ စစ်ကောင်စီအမြောက်တပ်တွေဟာ ကမ်းသာယာကို မနေ့ က ညနေ ၁၂ နာရီလောက်ကပင် ပြောင်းရွေ့သွားကြရတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
“ဇီကုန်းနဲ့ဆပ်သွားတိုက်နယ်ဆေးရုံတွေမှာ အခြေစိုက်ထားတဲ့ အမြောက်တပ်တွေကတော့ ကမ်းသာယာကို မနေ့ည ၁၂ နာရီလောက်မှာ ပြောင်းသွားရတယ်။ ပြီးတော့ကမ်းသာယာက လတ်ဖြိုး တည်ခိုခန်းနဲ့ စားသောက်ဆိုင် နဲ့ The Beach Inn (ရေလှိုင်းပြာ)စားသောက်ဆိုင်တွေမှာ တပ်စခန်းချပြီးတော့ လက်နက်ကြီးတွေ နဲ့ ပစ်နေတယ်။တပ်ဆုတ်သွားတဲ့ အထဲမှာတော့ စစ်ကောင်စီတပ်သား ၅၀ လောက်ပါတယ်လို့”သူကပြောပါတယ်။
အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေဟာ ဂွမြို့နယ်အတွင်းက ဇီးကုန်းကျေးရွာ နဲ့ ဆပ်သွားကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာတွေ ရှိနေပြီး အဲဒီနေရာတွေကို ကမ်းသာယာမှာ ပြောင်းရွေ့အခြေချထားတဲ့ စစ်ကောင်စီအမြောက်တပ်တွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်ကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ဂွမြို့နယ် အတွင်းက ကျိန္တလီမြို့ နဲ့ စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ ကုလားပြင်၊ကိုင်ခုံ နဲ့ ဂန့်ကော်တောင်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂွမြို့နယ် အတွင်းက စစ်ကောင်စီအခြေစိုက်တပ်စခန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ ဂွမြို့နယ် အတွင်းမှာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်ဖို့အတွက် လက်နက် နဲ့ လူအင်အားတွေ ဖြည့်တင်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေတယ်လိုက ဂွမြို့ခံတစ်ဦးကပြောပါတယ်။
“စကစကတော့ လက်နက် နဲ့လူအင်အားဖြည့်တင်းတာတွေ ရှိတယ် ဂွမြို့ပေါ်မှာတော့ ဘာမှတော့မဖြစ်သေးဘူး။ဒါပေမယ့် နီးကပ်လာပြီဆိုတော့လည်း ပြည်သူတွေကတော့ စစ်ဘေးရှောင်ထွက်နေကြရတာပေါ့ ။အင်အားတိုးတာကတော့ ဂွရိုးတွေမှာ တလျှောက်လုံးတိုးနေတယ်လို့”သူကပြောပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။
အဲဒီနောက် သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူ၊စစ်တွေ နဲ့မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.