Home သတင်း စစ်ရေး အမ်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ရက်အတွင် ဒေသခံ ၁၀ ဦးထက်မနည်းသေးဆုံး

အမ်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ရက်အတွင် ဒေသခံ ၁၀ ဦးထက်မနည်းသေးဆုံး

100
0
ပုံ၊အပ်းမြို့လေဆိပ်ကို မြင်တွေ့ ရပုံ။ပုံဟောင်း။

CNA၊ ဂူးဂူး။

မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့တစ်ရက်တည်းမှာ အမ်းမြို့ အတွင်းက ရပ်ကွက်တွေ နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ကြောင့် လက်နက်ကြီးကျည် ထိမှန်ပြီးတော့ ၁၀ ဦးထက်မနည်းတဲ့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာရှိခဲ့ရသလို ၂၀ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်း ဒဏ်ရာ ရရှိတာတွေ ရှိခဲ့တယ်လို့ အမ်းဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။

အမ်းမြို့နယ်အတွင်းက မြို့ဟောင်း(လေယာဉ်ကွင်းရပ်ကွက်)၊အမှတ် (၄)ရပ်ကွက် နဲ့ မြောက်ဖက်ကမ်းကျေးရွာတွေကို အောက်တိုဘာလ ၂၉ နေ့တစ်ရက်လုံးစစ်ကောင်စီက လက်နက် ကြီး နဲ့ ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမ်းဒေသခံ တစ်ဦးက ပြောပါတယ်။

“မြို့ဟောင်း(လေယာဉ်ကွင်းရပ်ကွက်)၊အမှတ် (၄)ရပ်ကွက် နဲ့ မြောက်ဖက်ကမ်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်တာ လေကြောင်းတိုက်ခိုက်တာလုပ်တာကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးတယ် ၂၀ ကျော်ဒဏ်ရာ ရရှိခဲ့တယ်။မနေ့က စစ်ကောင်စီက အဲဒီနေရာကို ညလုံးပေါက် လေကြော င်း တိုက်ခိုက်တာ လက်နက်ကြီး ပစ်ခတ်တာတွေကို လုပ်ခဲ့တာပါ။ အခုက အမ်းမှာက တိုက်ပွဲကလည်း တော်တော် ပြင်းထန်နေတယ်။ သေဆုံး ဒဏ်ရာရတဲ့ သူတွေစာရင်းကိုတော့ လက်ရှိ ကျနော်တို့ မကောက်နိုင်သေးဘူး လို့”သူကပြောပါတယ်။

အဲဒီထဲက ဒဏ်ရာရရှိထားတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါး ကုသနိုင်ဖို့ အတွက်အမ်းမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပေမယ့် စစ်ကောင်စီတပ်တွေက ဆေးကုသခွင့် မပေးတာကြောင့် လက်နက်ကြီးထိမှန်ဒဏ်ရာ ရရှိထားတဲ့ ဒေသခံပြည်သူတွေဟာ ဆေးဝါးကုသရေး အတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ အမ်းဒေသခံ တစ်ဦးကဆက်လက်ပြောဆိုပါတယ်။

“ဒဏ်ရာ ရသူတွေကတော့ ဆေးရုံကိုပို့ထားပါတယ်။ဒါပေမယ့် စစ်ကောင်စီက ဆေးရုံမှာ ရှိတဲ့ ဆေးဝါး နဲ့ ကုသရေး ပစ္စည်းတွေကို သိမ်းယူထားလို့ ဆေးမကုရသေးဘူး ဆေးရုံအုပ်ကြီးကလည်း ဘာမှမတတ်နိုင်တဲ့ အနေအထားမှာ ဖြစ်တယ်နေလို့”သူကပြောပါတယ်။

အဲဒီလို စစ်ကောင်စီက ဒဏ်ရာရ လူနာတွေကို ဆေးဝါးကုသခွင့်ကို ကန့်သတ်ထားတဲ့အပြင် တခြားနေရာတွေကိုလည်းသွားလာခွင့်တွေကို ပိတ်ပင်ခံထား ရတာကြောင့် ဒေသခံတွေ အနေ နဲ့ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။

အာရက္ခတပ်တော်ဟာ အမ်းမြို့နယ်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားတဲ့ ခမ ရ – ၃၇၂၊ ခမရ – ၃၇၃ တပ်ရင်း၊ တစ်မိုင်ကုန်းတပ်၊ ဆေးတပ်၊ ထောက်ပို့တပ်၊ မဲတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ တွေကို သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့လည်း စစ်ရေး သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

အဲဒီနောက်မှာ အာရက္ခတပ်တော် အေအေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ကျန်ရှိနေသေးတဲ့ ခမရ – ၃၇၁ ၊၇၅၇တပ်ရင်း၊အမြောက်တပ်၊ BE တပ် တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့အတွက် အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here