CAN ၊ ဂူးဂူး
အာရက္ခတပ်တော် AAသိမ်းပိုက်ထားတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်ကို ကျေးရွာတွေကို စစ်ကောင်စီလေကြောင်းကနေ မကြာခဏာလာရောက်ဗုံးကြဲတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ဘေးဒုက္ခသည်အများဆုံးနေထိုင်တဲ့ သံတွဲမြို့နယ် ဆင်ခေါင်းကျေး ရွာကို စစ်ကောင်စီလေတပ်က လာရောက်ဗုံးကြဲခဲ့တာကြောင့် နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့သလို ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာတွေ လည်းရှိနေတယ်လို့ ဒေသခံတဦး ကပြောပါတယ်။
“ ဆင်ခေါင်းက ဒီရက်ပိုင်း ဗုံးကြဲတိုက်ခိုက်တာကိုဆက်တိုက်ခံနေရတယ်။ကျနော်တို့ သိသလောက်ကတော့ ရွာထဲက ပြည်သူပိုင်နေ အိမ်တွေလည်း တော်တော်ပျက်စီး တယ်။ပြီးတော့ ဘုန်းကြီးကျောင်းဆိုရင်လည်း တော်တော်ပျက်ပျက်စီးစီးဖြစ်သွားတယ်လို့ ပြော တယ်။ထိခိုက်ဒဏ်ရာ ရတာတွေလည်းတော်တော် ရှိတယ်လို့သိရတယ်။စာရင်း အတိအကျတော့ ကျနော်တို့ မသိရသေးဘူးလို့” သူပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဆင်းခေါင်းကျေးရွာကို စစ်ကောင်စီလေကြောင်းကနေဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တွေလည်း ပျက်စီးခဲ့ရသလို ဒေသခံတွေလည်း ဒဏ်ရာ ရရှိတာတွေလည်းရှိခဲ့တာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် မြေသတင်းတွေကို တိတိကျကျရယူဖို့ ခက်ခဲနေကြတာကြောင့် လေကြောင်းပစ်ခတ်မှု တွေကြောင့် မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိနိုင်ကြောင်းလည်း ဒေသခံတဦးကပြောပါတယ်။
“ကျနော်တို့ကြားရတာက အခုသတင်းတွေဖော်ပြနေတာထက် ပျက်စီးမှု ပြီးတော့ သေဆုံးမှုတွေများနေတယ်ဆိုတာကို သိရတယ်။ ဒါပေမယ့် ကျနော်တို့မှာကလည်း အကန့်အသတ်တချို့ရှိနေတာကြောင့် ပြောပြဖို့ ခက်ခဲမှုတွေရှိတယ်။သေချာတာက အဲဒီရွာက စစ်ဘေးရှောင်တွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်။ဒေသခံတွေလည်း များစွာရှိနေကြတဲ့ ရွာတွေ ဖြစ်တယ်လို့”သူကပြော ပါတယ်။
စစ်ကောင်စီဟာ သံတွဲမြို့ တစ်ခုလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ ပြည်သူ တွေနဲ့ စစ်ဘေးရှောင်တွေ မကြာခဏဆိုသလို သေဆုံး ဒဏ်ရာ ရှိနေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ သဘာဝပတ်ဝန်းကျင် ရုံးကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၄ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူ ၂၄ ဦး ရှိခဲ့တာလည်းဖြစ်ပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ဆပ်စပ်နေတဲ့ ဂွမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်း ရေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။