Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု တောင်ကုတ်မြို့ မောင်းရွာက ဒေသခံတွေကို စစ်ကောင်စီက လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ဦးသေ ၅ ဦးဒဏ်ရာရ

တောင်ကုတ်မြို့ မောင်းရွာက ဒေသခံတွေကို စစ်ကောင်စီက လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ဦးသေ ၅ ဦးဒဏ်ရာရ

78
0
Photo/ The perspective of those affected by casualties resulting from the military junta's airstrikes ၊ APM

CNA ၊ မြတ်သူ။

ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ်က တောင်ကုတ်မြို့နယ် အတွင်းက မောင်းကျေးရွာ ကဒေသခံပြည်သူတွေကို စစ်ကောင်စီက လေကြောင်းကနေ စက်သေနတ်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ၅ ဦး အပြင် အထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။

စစ်ကောင်စီဟာ အဲဒီ မောင်းကျေးရွာ ကို အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဟတ်စကီးပေါ်ကနေ စက်သေနတ် နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၄ ဦး နဲ့ အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ရပြီး နောက်ထပ်ဒေသခံ ၅ ဦးမှာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သေဆုံးသွားတဲ့ သူတွေကတော့ မောင်းကျေးရွာက အသက် ၃၁ နှစ်အရွယ် ကိုနိုင်လင်းစိုး၊ အသက် ၄၈ နှစ်အရွယ် ဒေါ်မကျန်တင်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်ကျန်တင်၊ အသက် ၁၄ နှစ်အရွယ် မစုမြတ်ဝင်း နဲ့ အသက် ၁၄ နှစ်အရွယ် မဝတ်ရည်ဝင်း တို့ ဖြစ်ကြပြီး ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၃၆ နှစ်အရွယ် ဦးမောင်ဖြချေ၊ အသက် ၅၆ နှစ်အရွယ် ဦးသောင်းအေး၊အသက် ၁၇ နှစ်အရွယ် မစုမာဖြိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်တင်အေး နဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်ခင်စန်းတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။

သေဆုံးသွားတဲ့ အထဲမှာ ပါဝင်သွားတဲ့သူရဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်မကျန်တင်ရဲ့ မိသားစုဝင်တစ်ဦးပြောတာက”ဗုံးကြဲတာ မဟုတ်ဘူး စက်သေနတ် နဲ့ လေကြောင်းက နေပစ်တာပါ အဲဒီလို့ ပစ်တဲ့ အခါ ရွာကလူတွေက ကြောက်လန့်ပြီးထွက်ပြေးတာ အဲဒါ ကိုသူတို့က အပေါ်ကနေပြီးတော့ ပြေးနေတဲ့ ဒေသခံတွေကို လိုက်ပြီး စက်သေနတ်နဲ့ ပစ်တာ အဲဒီမှာ ထိပြီးသေတာ။ကျနော်အဒေါ်ဆိုရင် နောက်ကျောကနေ ဖောက်ပြီး ကျည်ရှေ့ကနေထွက်သွားတာ ၂ ချက်ထိတာလို့”သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောင်တိုဘာလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီက မီးကျောင်းထိုးကျေးရွာကို လေကြောင်းကနေတဆင့် ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် မီးကျောင်း ထိုးကျေးရွာ အတွင်းက လူနေအိမ်တွေများစွာ ပျက်စီးသွားခဲ့ရသလို ပြည်သူ ထိခိုက်မှု ရှိမရှိဆိုတဲ့ အခြေအနေကို မသိရသေးဘူးလို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။

“ဟုတ်ပါတယ် မီးကျောင်းထိုးကိုလည်း စစ်ကောင်စီက ဒီမောင်းကိစ္စ မဖြစ်ခင်မှာ ဂျက်ဖိုက်တာ နဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေ ပျက်စီး တာတွေ ရှိတယ်လို့ သိရပါတယ် ။ ဖုန်းလိုင်းတွေကလည်း အဲဒီဖက်တွေကိုဆက်မရတော့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူး။ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်တယ်လို့”သူကဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက် ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးတာတွေ မရှိပေမယ့် စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်တာ မကြာခဏလုပ်ဆောင်နေ တာကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုတွေဟာလည်း များစွာရှိနေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here