စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ အာရက္ခတပ်တော်တို့ဟာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွါးနေပါတယ်။ အာရက္ခတပ်တော် အေအေကလည်း အမ်းမြို့နယ် အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားတဲ့ ခမ ရ – ၃၇၂၊ ခမရ – ၃၇၃ တပ်ရင်း၊ တစ်မိုင်ကုန်းတပ်၊ ဆေးတပ်၊ ထောက်ပို့တပ်၊ မဲတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ တွေကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ တပ်စခန်းတချို့က ဘယ်လို အခြေအနေတွေ ရှိနေလဲ။ဒေသခံပြည်သူတွေ အနေနဲ့ တိုက်ပွဲကြားမှာ ဘယ်လို အခက်အခဲတွေ နဲ့ရင်ဆိုင်နေကြရပါသလဲ ဒီအခြေအနေတွေကို Coastal News Agency က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ အမ်းအခြေနေဘယ်လိုရှိလဲ
ဖြေ။အမ်းကတော့ စစ်ကောင်စီက ရေကြောင်း ကုန်းကြောင်း လေကြောင်းပစ်ကူ နဲ့ တိုက်နေတာရှိတယ် အာရက္ခတပ်တော် လက်နက်ကြီးနေတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင်နေတာရှိတယ် တိုက်ပွဲကတော့ပြင်းထန်နေတယ်။
မေး ။ လက်ရှိတိုက်ပွဲက ဘယ်လို အခြေအနေတွေရှိနေလဲ။
ဖြေ။ တိုက်ပွဲကတော့မြို့ပတ်ပတ်လည်ကိုအားလုံးပိတ်ဆို့ဝန်းရံပြီးတော့အာရက္ခတပ်တော်နဲ့ ပူးဆောင်းတပ်ဖွဲ့တွေက နေရာ ပေါင်းစုံ ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ အမ်နဲ့အနီးအနားမှာရှိတဲ့ အမ်းအခြေစိုက်တပ်တွေနဲ့ ကင်းစခန်းတွေကိုတော့ ထိုးဖောက်လိုက်ပြီ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်တာကြောင့်ကင်းစခန်းတွေကနည်းသွားပြီ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်က တော့ရှိသေးတယ် ခမရ- ၃၇၁ / ၇၅၇တပ်တွေကတော့ ရှိနေသေးတယ်။နောက်ပြီး တပ်တွေက မြို့ထဲမှာ လဲရှိနေသေး တယ် သူတို့က လဲအစွမ်းကုန် ခုခံနေတယ် လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက်ပစ် နေတာတွေရှိတယ် ပြီးတော့ လေကြောင်း ကနေပြီးတော့ လည်း တောက်လျောက်ဗုံးကြဲတာတွေ ညလုံးပေါက်ဗုံကြဲတာတွေ ရှိနေတယ်။
မေး။ အမ်းမြို့နယ်က အင်ကြင်းကုန်း ရွာကို စစ်ကောင်စီကလေကြောင်းကဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၂၃ ယောက် သေဆုံး တယ်လို့ သတင်းတွေထွက်နေတယ် ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အကိုသိထားသလောက်အတည်ပြုပြောပေးပါဦး။
ဖြေ။ ညကတစ်ညလုံးမှာတော့ ကျွန်တော်သိရသလောက် အင်ကြင်းကုန်းရွာကိုတော့ကျွန်တော်တို့မသိဘူး အင်ကြင်းကုန်းရွာကို ဗုံးကြဲလို့ ဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာကျွန်တော်တို့မသိသေးဘူးအမ်းမြို့ဟောင်း (လေယာဉ်ကွင်းရပ်ကွက်) ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိတယ် နောက်ပြီးတော့ အမှတ်(၄) ရပ်ကွက်ကိုလည်း လက်နက်ကြီးကြရောက်ပေါက်ကွဲ တာတွေရှိတယ် နောက်ပြီးတော့မြောက်ဖက်ကမ်းရွာကိုလက်နက်ကြီးကြရောက်ပေါက်ကွဲလို့ပြည်သူ(၁၀)ဦးထက်မနည်းအသက်သေဆုံးသွားတာရှိတယ်လို့သိရတယ်။ နောက်တစ်ခုက ထိခိုက်ဒဏ်ရာရပြည်သူ အယောက်၂၀ကျော်လောက်ရှိတယ် အမ်းပြည်သူ့ဆေးရုံမှာဆေးကု သမှုခံနေရတယ်။ တစ်ချို့လူနာတွေဒဏ်ရာပြင်းထန်တယ် ခွဲစိတ်ကုသရမဲ့လူနာတွေဆိုရင် ဆေးဝါးပစ္စည်းတွေကိုစစ်တပ်က သိမ်းယူထား လို့ဆေးရုံအုပ်ကြီးကလည်း ဆေးမကုပေးနိုင်ဘူး ဆေးဝါးပစ္စည်းမရှိတော့သူလည်းဘာမှမလုပ်တတ်ဘူး။ အခက်အခဲတွေနဲ့ကြုံ တွေ့နေရတယ် ပြည်သူ့ဆေးရုံကိုတော့ လူနာ ၂၀ကျော်လောက်ရောက်နေတယ် အသက်ဆုံးရှုံးသွားတဲ့လူ ကတော့(၁၀)ကျော်လောက်ရှိနေတယ်။ ဒါပေမယ့် နာမည်နဲ့တစ်ကွ အချက်အလက်ကောက်နိုင်တာတော့ မရှိသေးဘူး ဖုန်းလိုင် းအခက်အခဲတွေ ကြောင့်လည်းတိတိကျကျကမရနိုင်ဘူးဖြစ်နေတယ် မြို့ပေါ်မှာရှိတဲ့ ကျွန်တော်တို့တစ်ချို့တစ်ချို့ လူကလည်း စရင်းကောက်ဖို့က အခက်အခဲရှိနေတယ်။ အဲ့တာကြောင့် တိကျတဲ့အချက်အခက်တွေကိုတော့ ကျွန်တော်တို့မရနိုင်သေးဘူး မနေ့က သိရ တဲ့သတင်းကတော့ လူ၁၀ဦးခက်မနည်းသေဆုံးသွားတယ် ထိခိုက်ဒဏ်ရာရတဲ့လူတွေက၂၀ထက်မနည်းရှိတယ် ။
မေး။ လက်ရှိမြို့ပေါ်မှာနေနေကြတဲ့ဒေသခံတွေရဲ့အခြေအနေတွေကဘယ်လိုရှိလဲ ။
မြို့ပေါ်မှာတော့ဆန်ဝယ်လို့မရတာကြောင့် တစ်ချို့ပြည်သူတွေဆိုရင် ဆန်ကို ဆန်ပြုတ်ပြုတ်ပြီးတော့ စားနေရတဲ့အနေအထားမှာရှိနေတယ် ဆန်တစ်ပြည်ကိုတစ်သောင်းနဲ့လည်းဝယ်လို့မရတော့ဘူး ၂၈ က်နေ့လောက်ကတော့ ဆန်က ရှားရှားပါးပါးဝယ်ယူလို့ရနေသေးတယ် အခုနောက်ပိုင်းမှာတော့ဆန်ဝယ်လို့မရလိုက်တော့ဘူး စားနပ်ရိက္ခာ တွေကလည်းပြတ်သွားပြီ ပြီးတော့ မြို့ပတ် ပတ်လည်မှာလည်းတိူက်ပွဲတွေကဖြစ်နေတယ်မြိူ့ပေါ်ရပ်ကွက်တွေကိုလည်း လက်နက်ကြီး တွေကြရောက်ပေါက်ကွဲ နေတာတွေကြောင့် ပြည်သူတွေအနေနဲ့လည်း လုံခြုံဖို့မလွယ်တဲ့ အခြေအနေမှာ ရှိနေတယ်။ မြို့ပေါ်မှာနေနေတဲ့ပြည်သူတွေကလည်း အလွန်တရာကြောက်လန့်မှုတွေရှိနေပါတယ် ပြည်သူတွေက အခု ဘုန်းကြီးကျောင်းတွေ စာ သင်ကျောင်းတွေ မှာနေနေရတဲ့အဆင့်ကိုရောက်သွားပြီ ကိုယ့်အိမ်မှာကိုမနေရဲတော့တဲ့အနေအထားမှာကြုံနေရတယ် ။
မေး။ လက်ရှိအမ်းမြို့နယ်ထဲမှာစစ်ကောင်စီရဲ့တပ်တွေဘယ်လောက်လောက်ကျန်ရှိနေသေးလဲ။
အမ်းမြို့တစ်ခုလုံးကိုသိမ်းပိုက်ဖို့အတွက် BE တပ်ကိုလည်း အကုန်လုံးမချေမှုန်းနိုင် သေးဘူးလို့သိရတယ် BE တပ်တစ်ခုရှိ ဦးမယ် နောက်ပြီ ဒီဖက် မှာ ခမရ- ၃၇၁ ရှိမယ် ၇၅၇ တပ်ရင်းရှိမယ် အမြောက်တပ်တော့ရှိသေးတယ်လို့သိရတယ် တိုင်းဌာနချုပ် ရိသေးတယ် အကုန်လုံးက ၅ ခုထက်မနည်းရှိသေးတယ်။မသိမ်းပိုက်နိုင်သေးဘူး ဒါပေမယ့် ဒီတပ်တွေမှာအင်အားတွေက သိပ်မရှိဘူးလို့သိရတယ် မြို့ပတ်ပတ်လည်မှာ အာရက္ခတပ်တော်နဲ့ပူးပေါင်းတပ်တွေက တောက်လျှောက် ပစ်နေတယ် စကစ မှာက တချို့နေရာတွေမှာလည်းတပ့်ထာဖြန့်ရတဲ့အတွက်ကြောင့် သူတို့မှာ စစ်အင်အားနည်းနေတယ်လို့သိရတယ် ။
မေး။တိုက်ပွဲတွေက အမ်းမြို့အနီးမှာ ပြင်းထန်နေတယ်ဆိုတော့ ဒေသခံ တွေက အမ်းမြို့ပေါ်ကနေ ထွက်ပြေး တိမ်ရှောင်ဖို့အတွက် လမ်းပမ်းဆက်သွယ်ရေးအခြေအနေတွေဘယ်လိုရှိလဲ။
ဖြေ။အခုကစစ်ကောင်စီကထွက်ပေါက် ဝင်ပေါက်တွေအကုန်လုံးကိုပိတ်ထားတယ် မြို့ဟောင်း နဲ့ မြို့သစ်ကို သွားလာဖို့ အတွက်တောင်ပိ တ်ထားလိုက်တာကြောင့်ခက်ခဲမှုတွေရှိတယ်။ညက တစ်ညထဲမှာ မြို့ဟောင်းကိုလက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် မြို့သစ်ကိုအလုံးအရင်း နဲ့ ထွက်ပြေးလာတဲ့အခါမှာ စစ်ကောင်စီကနေပြီးတော့ လမ်းတွေကို ပိတ်လိုက်တယ်။ အဲတာကြောင့် မြို့ဟောင်းနဲ့ မြို့သစ်ကိုတောင် သွားလာလို့မရတဲ့ အနေအထားမှာရှိသွားတယ် မြို့ထဲကနေမြို့ပြင်ကိုသွားလို့မရအောင်လည်း စစ်ကောင်စီက ကင်းစခန်းတွေချထားတယ်။ အဲဒီတော့ပြည်သူတွေ အသက်စွန့်ပြီးထွက်ပြေးမယ်ဆိုရင်လည်းလမ်းမရှိဘူးဖြစ်နေတယ်။ အဲဒီလို ဖြစ်စဉ်မျိုးတွေ နဲ့ ကြုံနေရတယ် နောက်ပြီးတော့ကိုယ့်အိမ်အောက်မှာ ဗုံးခိုကျင်းတူးမယ်ဆိုရင်လည်း စစ်ကောင်စီကတူးခွင့်မပေးဘူး အဲတာကြောင့် ပြည်သူတွေကတော့ သူတို့ရဲ့အသက် အန္တရာယ်ကို ဆိုးရွားစွာရင်ဆိုင်နေရတယ်။
မေး။ လက်ရှိအမ်းမြို့နယ်မှာဖုန်းလိုင်း အင်တာနက်လိုင်းအခြေအနေတွေက ဘယ်လိုတွေရှိနေပါသလဲ။
ဖြေ၊အမ်းမြို့နယ်ထဲမှာဖုန်းလိုင်းကတော့ မြို့သစ်မှာရလို့ရှိရင် မြို့ဟောင်းမှာ မရဘူး အဲ့ဒီလိုဖြစ်စဉ်မျိုးတွေဖြစ်နေတယ် အမ်းမြို့ နယ်ထဲမှာလည်း တချို့တချို့ ဖုန်းလိုင်းရတဲ့နေရာတွေကို လိုက်ရှာပြီးတော့ ဖုန်းပြောနေရတယ် ဖုန်းလိုင်း ကတော့ အကုန်လုံးဖြတ်ထားတယ်လို့ပြောလို့ရတယ် ကျွန်တော်တို့ကတော့ဖုန်းလိုင်းမိတဲ့နေရာတွေကိုလိုက်ရှာပြီး ဖုန်းပြော နေကြရတယ်။ အင်တာနက်လိုင်းကတော့လုံးဝမရတော့ဘူး။
မေး။ အမ်းမြို့အနီးတဝိုက်ကို အခုလိုတိုက်ပွဲပြင်းထန်လာတာဟာ ဘယ်လောက်ကြာနေပြီလဲ ။
ဖြေ၊ အဓိကတော့ မဲတောင်ဗျူဟာကုန်း ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေကထိုးစစ်ဆင်သိမ်းပိုက်ဖို့တိုက်ခိုက်စဉ်ကပင် တိုက်ပွဲကတော့ပြင်းထန်နေတာ အမ်းမြို့နယ်အနီးအနားမှာ အရင်ဆုံးကတော့ ဒါးလက်ချောင်းတော့ တောဟိန်းတောင်ဗျူဟာကုန်း တို့ ပြီးတော့ မဲလက်မဗျူဟာကုန်းတော့ပေါ့ တောဟိန်းတောင်ဗျူဟာကုန်းတော့ဆိုရင် အရမ်းပြင်းထန်ခဲ့တယ် အဲတာပြီးတော့ မဲတောင်စ ခန်းကိုသိမ်းတဲ့အခါမှာ အမ်းမြို့နယ်အနီးအနားမှာ တိုက်ပွဲက တောက်လျှောက်ပြင်းထန်လာခဲ့တာဖြစ်တယ်။
အဆိုပါ အင်တာဗျူးသည် အောက်တိုဘာလ ၂၉ ရက်နေ့ကမေးမြန်းထားတဲ့ အင်တာဗျူး ဖြစ်သည်။