Home သတင်း စစ်ရေး အမ်း နပခ တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို CD F-Asho ဖမ်းဆီး

အမ်း နပခ တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို CD F-Asho ဖမ်းဆီး

120
0
ပုံစာ၊CDF-Asho

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲအတွင်းက ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို CDF – Asho ကဖမ်းဆီးနိုင်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်လာပါတယ်။

အမ်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခတပ်တော် က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို မကွေး နဲ့ ရခိုင်ပြည် အစပ်ကနေရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ကိုယ်ပိုင်အမှတ် (ပစ-၁၀၄၆၀၁) ကိုသက်နိူင် (ပစ – ၁၀၄၆၀၀) ကိုသက်နိုင်ဦးတို့နှစ်ဦးကိုအောက်တိုဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

နောက်ထပ်ခမရ(၃၇၁)၊ ကြက်ရေစမ်းနယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းက ထွက်ပြေးလာတဲ့ (ပစ- ၁၀၄၉၇၉) ကိုရဲမွန်ဦးနဲ့ တပ်သား (ပစ- ၁၀၄၉၈၄) ကိုကျော်မင်းဦးတို့ နှစ်ဦးကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်သုံးပန်းတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီစနစ်တကျထိန်းသိမ်းကာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ချင်းကာကွယ်​ရေးတပ် – အရှို (CDF- Asho)က ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here