Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု သံတွဲကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ဦးသေဆုံး

သံတွဲကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ဦးသေဆုံး

119
0
ပုံဟောင်း

CNA၊ဂူးဂူး။

ဒီနေ့အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၃ နာရီကျော်လောက်မှာ စစ်ကောင်စီက သံတွဲမြို့ကို လေကြောင်းက ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် အဆောက်အဦး တချို့ ပျက်စီးသွားခဲ့ရပြီး ဒေသခံ ၂ ဦး ဗုံးစထိမှန်သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံတွဲမြို့နယ် အတွင်းက အံတော်တံတား အနီးက နေရာကို ဗုံ ၄ လုံးထက်မနည်းကျရောက်ပေါက်ကွဲတာ ရှိခဲ့သလို အမှတ် ၈ ရပ်ကွက်မှာ က TMPစက်ရုံအတွင်းကိုလည်း ဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အံတော်တံတားအနီးကို ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဲဒီအနီးမှာ ရှိနေတဲ့ နေအိမ် နဲ့ ဈေးဆိုင်တန်းတွေကို ကျရောက်ပေါက်ကွဲ ပြီး မစုစုလှိုင် နဲ့ မဝိုင်းဆိုသူမှာ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရသလို အမှတ် ၈ ရပ်ကွက်က TMP စက်ရုံမှာလည်း ဗုံးထိမှန်မှုကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

“သေတာကတော့အံတော်တံတား အနီးက ဈေးဆိုင်ကလူတွေပါ နေအိမ် နဲ့ဆိုင်တွေကိုထိတာအဲနားမှာက။တော်တော်များများလည်း ပျက်စီးသွားခဲ့ရတယ် ဆိုင်နဲ့ နေအိမ်တွေကတော့။TMP စက်ရုံကတော့ အကုန်လုံး နီးပါးပျက်စီးသွားတယ်လို့”သူကပြောပါတယ်။

သံတွဲမြို့နယ်ဟာ အာရက္ခတပ်တော် အေအေက အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကိုလည်း မကြာခဏဆိုသလို လုပ်ဆောင်ခံနေရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့နယ် အတွင်းကစစ်ဘေးရှောင်တွေ နေထိုင်နေကြတဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကတိုကခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၄ ဦးအစုလိုက်အပြုံလိုက်သေဆုံး ခဲ့ရသလို လူဦးရေ ၃၀ နီးပါးလောက်ဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိတာ ရှိခဲ့ရပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၂၄ ရက်နေ့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ထပ်မံလုပ်ခဲ့တာကြောင့် သံတွဲမြို့နယ် အတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတွေပျက်စီးခဲ့ရသလို လူငယ်တစ်ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ရခိုင်စစ်မြေပြင်မှာ တစ်မြို့ပြီးတစ်မြို့လက်လွတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ သူတို့လက်လွတ်ဆုံးရှုံးထားခဲ့ရပြီး ဖြစ်တဲ့ မြို့နယ်တွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ရခိုင်က ဒေသခံပြည်သူတွေဟာ နေ့စဉ်လိုလို အသက်ဆုံးရှုံးဒဏ်ရာ ရတာရှိနေသလို တိုက်ပွဲ ဖြစ်ပွါးနေတဲ့ မြို့နယ်တွေက ပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက် ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်ထိခိုက်ဒဏ်ရာ ရတာတွေလည်းရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here