Home သတင်း စစ်ရေး အမ်းမှာ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော်က ပစ်ခတ်ခဲ့တာဟုတ်မှန်တယ်လို့ ဒေသခံတွေ အတည်ပြု

အမ်းမှာ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော်က ပစ်ခတ်ခဲ့တာဟုတ်မှန်တယ်လို့ ဒေသခံတွေ အတည်ပြု

87
0
ပုံ၊Mi-17 လေယာဉ်အမျိုးအစားမြင်တွေ့ရမှု။

CNA၊မြတ်သူ။

အမ်းမြို့နယ် အတွင်းကို စစ်လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၄ စီး ထဲကတစ်စီးကို အာရက္ခတပ်တော်က ပစ်ခတ်တာကြောင့် ထိမှန်သွားခဲ့တယ်ဆိုတဲ့ သတင်းဟာ ဟုတ်မှန်တယ်လို့ မြေပြင်စစ်ရေး အခြေအနေကို အသေးစိတ်သိရှိသူတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဟာ မနေ့ ကညနေ ၂နာရီ မိနစ် ၃၀ လောက်မှာ အမ်းမြို့အတွင်းက နပခဌာနချုပ်ထဲကို ရဟတ်ယာဉ် ၄ စီး နဲ့ စစ်လက်နက်ရိက္ခာလာရောက်ပို့ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် အဲဒီထဲက Mi-17 အမျိုးအစားရှိ စစ်ရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

“မနေ့က နပခဌာနချုပ်ကို ဟတ်စကီးတွေ နဲ့လာပြီးတော့ အထုပ်တွေ ချတယ်။အထုပ်တွေ ချတဲ့ အခါမှာ Mi – 35 ၊ဂျက်ဖိုက်တာတွေက ရက္ခိုင့်တပ်တော် ရှိတယ်ဆိုတဲ့နေရာကို လေကြောင်းကတောက်လျှောက်ပစ်တယ်။အောက်က ဟယ်လီကော်ပတာ နဲ့ အထုပ်တွေချတယ်အပေါ်ကတော့Mi – 35 ၊ဂျက်ဖိုက်တာတွေနဲ့ ပစ်တယ်။အဲဒီပစ်တဲ့ အချိန်မှာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကလည်း ပြန်ပစ်တယ် အဲဒီ အချိန်မှာ လက်နက်ထိသွားလို့ လေယာဉ်တစ်စီး မီးခိုးတွေ ထွက်သွားတယ်။အဲဒီလေယာဉ်က ဒရုန်းလောက်တောင်မှ အမြန်မသွားနိုင်တဲ့ အဆင့် နဲ့ ပျံသွားတယ်လို့”သူကပြောပါတယ်။

ဒါပေမယ့် အဲဒီလေယာဉ်ကို ပျက်စီးမှု ရှိမရှိအခြေအနေတွေကို သူတို့ မြင်တွေ့လိုက်ရတာမရှိဘူးလို့လည်း သူကဆိုပြောပါတယ်။

ဒါ့အပြင် အဲဒီလို အပြန်အလှန်ပစ်ခတ်မှု အတွင်းမှာ စစ်ကောင်စီရဲ့ နပခဌာနချုပ် အတွင်းကိုလည်း အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး စစ်ရုံးတချို့မီးလောင်ပေါက်ကွဲခဲ့တာလည်း ရှိခဲ့တယ်လို့ အဲဒီဒေသ သတင်းအရင်းအမြစ်ကအခုလိုပြောပြထားပါတယ်။

“တိုင်းဌာနချုပ် အဆောက်အဦးကိုလည်း အာရက္ခတပ်တော်က ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ မီးလောင်တာတွေ ရှိတယ်။အဲဒီဖြစ်စဉ်အတွင်းမှာလို့”သူကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော် အေအေဟာ လပေါင်းများစွာ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်မှာထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အတွက် အဓိက အရေးပါတဲ့ စွေ့ချောင်းဗျူဟာ နဲ့ မဲတောင်ဗျူဟာတွေကို အာရက္ခတပ်တော်က သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အဲဒီနောက် အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အတွင်းကိုဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကာ အမ်းလေဆိပ်ကို ပါ အပြီးသတ်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ သလိုအောက်တိုဘာလ ဒုတိယအပတ်ကနေ နိုဝင်ဘာလ ၆ ရက်နေ့ အထိ စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၇၂, ၃၇၃၊ ဆေးတပ်၊ ထောက်ပို့တပ်၊ တစ်မိုင်ကုန်းတပ်၊ စစ်ဆေးရုံ၊ ကံ့ကော်တစ်ထောင်စခန်း၊ သင်တန်းကျောင်း၊ စရဖရုံး ၊ ခမရ ၃၇၁ တပ်ရင်း နဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် COD တို့ကိုပါ သိမ်းပိုက်ရရှိထားနိုင်ပြီး လည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here