Home သတင်း စစ်ရေး ဟားခါး ၄ လတာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်သား ၅၃ ဦး နဲ့ ရဟတ်ယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

ဟားခါး ၄ လတာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်သား ၅၃ ဦး နဲ့ ရဟတ်ယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

85
0
ပုံ၊စာ။ CDF-Hakha

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ လေးလတာ ကာလအတွင်းမှာ CDF-Hakha အနေ နဲ့ စစ်ကောင်စီတပ်သား ၅၃ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ခတ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့စပြီးတော့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လေးလတာ ကာလအတွင်းမှာ စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို နောက်ထပ်စစ်ကောင်စီတပ်သား ၅၃ ဦးကို အသေရှင်းလင်းနိုင်ခဲ့ပြီး နောက် ၁၄ ဦးကတော့ဒဏ်ရာ ရရှိခဲ့အောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် CDF-Hakha အနေနဲ့ စစ်ကောင်စီရဲ့ Mi-17 အမျိုးအစားရှိရဟတ်ယာ ဉ်တစ်စီးကိုလည်း အမြီးပိုင်းပျက်စီးသွားအောင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

နောက်ထပ် အနေနဲ့ ဒီကာလအတွင်းမှာ ရဲ ၁၃ ဦးနဲ့ စစ်ကောင်စီတပ်သား လေးဦး၊ စုစုပေါင်း ၁၇ ဦး CDF-Hakha ထံ လက်နက်ချ အလင်းဝင်လာသူတွေ ရှိသလို အလင်ဝင်လာသူတွေဆီက သိမ်းဆည်းရမိတဲ့ လက်နက် နဲ့ တိုက်ပွဲ အတွင်းက သိမ်းဆည်းရမိတဲ့ လက်နက်ပေါင်း ၅၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါတွေ အပြင် ဟားခါးမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်အင်အားတွေအနေ နဲ့ ထန်တလန်မြို့နယ်ဘက်က တိုက်ပွဲတွေကို သွားရောက် စစ်ကူမပေးနိုင်အောင် အတွင်ကိုလည်း CDF-Hakha အနေနဲ့ ရက်ပေါင်း ၈၂ ရက်ကြာ တားဆီးပိတ်ဆို့နိုင်ခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ဟားခါးမြို့အနီးက စခန်းသိမ်းတိုက်ပွဲအတွင်းမှာလည်း CDF-Hakha အနေ နဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးအပါအဝင် စစ်သုံ့ပန်းလေးဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာလည်း ဖလမ်း၊ မင်းတပ်နဲ့ ထန်တလန်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here