အာရက္ခတပ်တော် အနေ နဲ့ အမ်းမြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ဖို့အတွင် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်စခန်း ၁၀ ခုကျန်ရှိနေသေးတယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်တွေမှာ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ နဲ့ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် ဟာ အမ်းမြို့နယ်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ၊ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တွေကို သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် အနေ နဲ့ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို သိမ်းပိုက်ရရှိပြီးတဲ့ တပ်စခန်းတွေက ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်တပ်သားတွေကိုလည်း လိုက်လံချေမှုန်း တိုက်ခိုက်နေတာတွေလုပ်ဆောင်နေပြီး အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်ဟာ တစ်နှစ်တာတိုက်ပွဲအတွင်းမှာ ရခိုင်က မြို့ကြီး ၁၀ မြို့နဲ့ပလက်ဝဒေသတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။
အဲဒီလို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တဲ့မြို့နယ်တွေမှာ တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြတဲ့ အာရက္ခပြည်သူတွေရဲ့
လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနဲ့ ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ နဲ့ မပြီးပြတ်သေးသော ထိုးစစ်တွေ ဆက်လက် ဆင်နွဲနေရတာတွေကြောင့် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ အေအေကဝန်ခံပြောဆိုထားပါတယ်။
အဲဒီလို လိုအပ်ချက်တွေရှိနေတာကို မိမိတိုအဖွဲအစည်းအနေနဲ့ ကောင်းစွာသိရှိနားလည်ထားပြီးဖြစ်တာကြောင့် လိုအပ်ချက်တွေကိုလည်း အနှေးနဲ့အမြန် ဖြည့်ဆည်းလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း အေအေက ကတိပြုဝန်ခံထားပါတယ်။