အာရက္ခနဲ့ ပလက်ဝဒေသ စစ်ဆင်ရေး (၁) နှစ်ပြည့်တဲ့ နိုဝင်ဘာ ၁၃ရက်နေ့မှာ စစ်ဆင်ရေးဟာ အတိုင်းအတာ တစ်ခုထိအောင်မြင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်လာပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့ရဲ့ ရှမ်းမြောက်က “၁၀၂၇စစ်ဆင်ရေး”၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ ကရင်နီဒေသအတွင်းက “၁၁၁၁” စစ်ဆင်ရေးတို့ဟာ ၂၀၂၃ခုနှစ်အတွင်းမှာ အရှိန်အဟုန်မြှင့်ခဲ့တယ်လို့ AAကဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးလှိုင်းတွေကြားမှာ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ အတူပူးပေါင်း ပါဝင်လာခဲ့ပြီး၊ တော်လှန်ရေးအဖွဲ့တွေဟာလည်း သူတို့ရဲ့နယ်မြေတွေမှာ စစ်ကောင်စီရဲ့ စစ်ရေးအရအားနည်းတဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့ကြတယ်လို့ AAက အသိပေးထားပါတယ်။
မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မ၊ ဗျူဟာ၊ စကခဌာနချုပ်၊ ဒကစဌာနချုပ်နဲ့ တိုင်းစစ်ဌာနချုပ်တွေကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေက သိမ်းပိုက်ရယူနိုင်ခဲ့ကြတယ်လို့ AAကထုတ်ပြန်ထားပါတယ်။
ဒီသိမ်းပိုက်မှုတွေဟာ တနည်းအားဖြင့် မိမိတို့အဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုအထိ အထမြောက်အောင်မြင်ခဲ့တာဖြစ်ပြီး၊ အာရက္ခနဲ့ ပလက်ဝဒေသ စစ်ဆင်ရေးစတင်တာနဲ့ တပြိုင်နက် မဟာဗျူဟာမြောက် အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်သူရဲ့ အားနည်းချက်ကို အပြည့်အဝရယူနိုင်ခဲ့တကြောင့် AAရဲ့ စစ်ဆင်ရေးဟာ အချိန်တိုတိုအတွင်း ယခုလိုအောင်မြင်မှုတွေရခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပလက်ဝ ဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်း ဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲ နဲ့ ကျိန္တလီမြို့တို့က ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေး (၁) နှစ် မပြည့်မီကာလအတွင်းမှာ သိမ်းပိုက်ထိန်းချုပ် ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
မြို့သိမ်းတိုက်ပွဲအနေနဲ့ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဗူးသီးတောင်နဲ့ သံတွဲမြို့အပြင် ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်ရေးစတဲ့ရည်မှန်းချက်တွေအတွက် စစ်ကောင်စီရဲ့ကျန်ရှိနေသေးတဲ့ စခန်းတွေကို တစ်ခုပြီး တစ်ခုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AAကအသိပေးထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.