CNA၊မြတ်သူ။
တောင်ကုတ်မြို့နယ်အတွင်းမှာ ရှိတဲ့ ရပ်ကွက်တချို့က နေအိမ်တွေမှာ စစ်ကောင်စီတပ်တွေ နဲ့ စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်လက်နက်ကိုင်တွေဟာ စစ်စခန်းအဖြစ်တည်ဆောက်ကာ တပ်စွဲနေထိုင်တာတွေ ရှိနေတယ်လို့ဒေသခံ သတင်းအရင်းမြစ်တွေကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေ နဲ့ စစ်ကောင်စီလက်အောက်ခံမွတ်ဆလင်လက်နက်ကိုင်တပ်တွေဟာ မနေ့က နိုင်ဝင်လာလ ၁၇ ရက်နေ့ကတည်းကပင် တောင်ကုတ်မြို့နယ် အတွင်းက သိမ်းတောင်ရပ်ကွက်အတွင်းမှာရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေမှာ စတင်ဝင်ရောက်ပြီးတော့ တပ်စွဲ နေရာယူထားကြတာဖြစ်တယ်လို့ ဒေသသတင်းအရင်းအမြစ်က ပြောပါတယ်။
“သိမ်တောင်ရပ်ကွက်အတွင်းက နေအိမ်တွေမှာ မနေ့ကတည်းကပင် စစ်ကောင်စီတပ်တွေ နဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်တွေက လူနေအိမ်တွေမှာတပ်စခန်းချပြီးတော့ ဝင်ရောက်နေရာယူတယ်။မနေ့ကတော့ တိုက်ပွဲမရှိဘူး။သူတို့တွေ တပ်စခန်းချတော့ ဒေသခံတွေကလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့”သူကပြောပါတယ်။
တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ပန်းမြောက်တောင် နဲ့ အာလိန်ငါးဆင့်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခံစစ်တပ်စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အာရက္ခတပ်တော် အေအေဟာ တောင်ကုတ်မြို့ အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ စကခ ၅ တပ်မဌာနချုပ် နဲ့ ခမရ ၃၄၆, ၅၄၄ တပ်ရင်းတွေကို ဒရုန်းတွေ၊ရှော့တိုက်ဒုံးတွေ နဲ့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဆက်လက်လုပ်ဆောင်လာနေတာ ဖြစ်တယ်လို့ တောင်ကုတ်မြို့ စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
“ဟုတ်ပါတယ် မနေ့ကတော့ တိုက်ပွဲမရှိပါဘူးတောင်ကုတ်မှာ ။ပြီးခဲ့တဲ့ရက်တွေကတော့ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ စကခ ၅ တပ်မဌာနချုပ် နဲ့ ခမရ ၃၄၆, ၅၄၄ တပ်ရင်းတွေကို တပ်တော်က ဒရုန်းတွေ၊ရှော့တိုက်ဒုံးတွေ နဲ့ စပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်။စစ်ကောင်စီတပ်တွေကလည်း မြို့ထဲက လမ်းဆုံလမ်းခွတွေ အဆောက်အဦးအမြင့်ဆုံးနေရာတွေ နဲ့ လူနေအိမ်တွေမှာ စစ်စခန်းချပြီးတော့ နေထိုင်တာတွေ ရှိတယ်။ဘင်္ဂါလီ(မွတ်ဆလင်)စစ်သားတွေကတော့ တော်တော်များတယ်။အခု စစ်ကောင်စီတပ်သားဆိုတာက အကြီးပိုင်းတချို့လောက်ပဲ ရှိတော့တယ် ကျန်တဲ့ဟာတွေက စစ်ကောင်စီသင်တန်းပေးထားတဲ့ ဘင်္ဂါလီ(မွတ်ဆလင်)စစ်သားတွေချည်းပဲ အကုန်လုံးကလို့”သူကပြောပါတယ်။
လက်ရှိမှာ တောင်ကုတ်မြို့နယ် အတွင်းမှာ ကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်တွေက စစ်ရှောင်ထွက်ခွင့် မပြုတဲ့ အပြင် မြို့အတွင်း သွားလာနေတာကို တွေ့ရင်လည်း ဖမ်းဆီးစစ်ဆေးတာ သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေကို လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
ပုံ၊တောင်ကုတ်မြို့ အာလိန်ငါးဆင့်ဘုရားမြင်ကွင်း။CNA





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.