Home သတင်း စစ်ရေး တောင်ကုတ်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ရပ်ကွက်တချို့မီးလောင်နေ

တောင်ကုတ်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ရပ်ကွက်တချို့မီးလောင်နေ

82
0
ပုံ၊ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ရန်ခိုကျေးရွာက နေအိမ်တွေ မီးလောင်နေမှုမြင်ကွင်း။CJ

CNA ၊ မြတ်သူ။

တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ကုတ်မြို့ပေါ်ရပ်ကွက်က နေအိမ်တချို့မီးလောင်နေရတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“အခု တပ်တော်က စကခ – ၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ် စစ်ကောင်စီက ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ လေကြောင်းက ဗုံး ၈ လုံးထက်မနည်းမြို့ပေါ်ရပ်ကွက်တွေထဲကို ကြဲချခဲ့တယ် အဲတာကြောင့် တောင်ကုတ်က သိမ်တောင် ဘောလုံးကွင်း နဲ့ ကျောင်းကြီးကြားဖက်အခြမ်းက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေ မီးလောင်နေတယ်လို့”ဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိမှာ အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့ ရဲစခန်းအပါအဝင် မြို့ရဲ့ ၇၀ ရာခိုင်နူန်းကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်တယ်လို့ လည်း စစ်ရေး သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

ဒီနေ့ မှာ အာရက္ခတပ်တော်ဟာ စစ်ကောင်စီ အခြေစိုက် တပ်မဌာနချုပ်ဖြစ်တဲ့ စကခ – ၅ ကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်နေပြီး စစ်ကောင်စီတပ်တွေကလည်း စကခ – ၅ တပ်ရင်းမကျရှုံးရအောင် ခမရ – ၃၄၆၊ခမရ – ၅၄၄ တပ်ရင်းတွေက လက်နက်ကြီးတွေ နဲ့ ပစ်ကူပေးနေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တော် အနေ နဲ့ အခုလိုသာ ဆက်တိုက်ဆိုသလို တိုက်ခိုက်သွား မယ်ဆိုရင်တောင်ကုတ်မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်း အာလုံးကို ဒီဇင်ဘာလ မကုန်ခင် အတွင်းမှာသိမ်းပိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ တောင်ကုတ်မြို့စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးက သုံးသပ်ပြောပါတယ်။

“ရက်ပိုင်း အတွင်းလောက်မှာ သူတို့ ခုခံစစ်အတွက် လုပ်ထားတဲ့ ရဲစခန်းအပါအဝင် တပ်စခန်းတော်တော်များက တပ်ဆုတ်ပြီးတော့ စကခ – ၅ နဲ့ ခလရ – ၅၄၄ ၊ခလရ – ၃၄၆ တပ်တွေကို ဆုတ်ခွါသွားရတယ် တပ်တော် အနေ နဲ့ ဒီအတိုင်းသာ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်ဆိုရင်တော့ ဒီဇင်ဘာလ မကုန်ဘူး တောင်ကုတ်တစ်မြို့လုံးဟာ တပ်တော် လက်ထဲကိုရောက်သွားမယ်။အခုကလည်း တပ်တော်က ပြည်သူတွေက ပြန်ပြီး ကယ်ထုတ်နေတဲ့ အခါမှာ ထင်သလောက် ခရီးမပေါက်တဲ့ အနေအထားမှာ ရှိနေတယ်လို့ “သူက သုံးသပ်ပြောဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းက ဒေသခံ ပြည်သူအများစုဟာ မြို့တွင်းတိုက်ပွဲမဖြစ်ခင်ကတည်းကပင် စစ်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးဖို့အတွက် ပြင်ဆင်တာတွေကို လုပ်ဆောင်ခဲ့ကြပေမယ့် စစ်ကောင်စီ တပ်တွေက ထွက်သွားခွင့်မပေးခဲ့တာကြောင့် ပြည်သူအများစုဟာ မြို့တွင်းမှာ ပိတ်မိနေကြတာတွေ ရှိနေရပြီး လက်ရှိမှာ အဲဒီ ပိတ်မိနေတဲ့ ပြည်သူတွေကို အာရက္ခတပ်တော် က ကယ်ထုတ်ပေးနေရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here