Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ရခိုင်မှာ ၄ လအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှု ၃၅၀ ကျော်ရှိခဲ့

ရခိုင်မှာ ၄ လအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှု ၃၅၀ ကျော်ရှိခဲ့

132
1
ပုံ၊သံတွဲမြို့နယ်အတွင်းက ဆင်ခေါင်းကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးမှု မြင်ကွင်း။CJ

CNA ၊မြတ်သူ။

ရခိုင်မှာ စစ်ကောင်စီက ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုဟာ ၃၅၀ ကျော်အထိရှိခဲ့တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ် ရှားမှုအဖွဲ့ ရဲ့ အစီခံစာရဲ့ ဖော်ပြချက်အရသိရပါတယ်။

ရခိုင်မှာ စစ်ကောင်စီဟာ ဇွန်လ ကနေ စကတ်တင်ဘာလ အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၉ ကြိမ် ပြုလုပ်ခဲ့တာ ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှု အတွင်းမှာ ကလေးငယ် ၇ ဦး နဲ့ အမျိုးသမီး ၂၃ ဦးအပါအဝင် စုစုပေါင်း အရပ်သားပြည်သူ ၁၇၃ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာ ရသူစုစုပေါင်းဟာလည်း ၁၉၄ ဦးရှိခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ၄ လအတွင်းမှာနေအိမ် ၇၇ လုံး၊ဘာသာရေးအဆောက်အဦး ၁၇ ခု၊စာသင်ကျောင်း ၃ကျောင်း ဆေးရုံဆေးခန်းတစ်ခု၊ စစ်ဘေးရှောင်စခန်း ၁ခု၊စီးပွါးရေး နဲ့ဆိုင်တဲ့ အဆောက်အအုံ ၂ ခု အချုပ်ထောင် ၂ ခု နဲ့ UN ရုံးတစ်ခု ပျက်စီးသွားခဲ့တာကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၉ ကြိမ်ထဲက စက်တင်ဘာလ တစ်လတည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၅၉ ကြိမ်အထိ အများဆုံးတိုက်ခိုက်ခံခဲ့ရပြီး မောင်တောမြို့ဟာ ၄ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၇၃ ကြိမ်ထိ အများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့ မြို့နယ် တစ်ခု ဖြစ်သလို ရခိုင်တပြည်လုံး အနေ နဲ့ မောင်တောဟာလေကြောင်းတိုက် ခိုက်ခံရမှု ၃၉ ရာခိုင်နူန်း နဲ့ ညီမျှတာကိုလည်းတွေ့ရတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ် အတွင်းမှာ ဒရုန်းသုံးတိုက်ခိုက်မှုကိုလည်း ၄ လအတွင်းမှာ အကြိမ်ရေ ၂၀ ထိလုပ်ခဲ့တာ ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးဒဏ်ရာ ရတာရှိခဲ့သလို နေအိမ် ၃ လုံးပျက်စီးမှုလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီ ၄လတာ လေကြောင်းတိုက်ခိုက်ခံရမှု အထဲမှာ သံတွဲမြို့နယ် အတွင်းက ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၄ ရက်နေ့မှာ လေကြောင်း နဲ့ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တာ ရှိခဲ့ပေမယ့် ထိခိုက်သေဆုံးမှု နဲ့ ပျက်စီးမှုအခြေအနေကို အသေးစိတ်မရရှိတာကြောင့် ထည့်သွင်းဖော်ပြ နိုင်ခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။

စစ်ကောင်စီဟာ မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာအနေ နဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၄ လအတွင်း အကြမ်းဖက်စစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၂၁၀ ကြိမ်၊ ဒရုန်း နဲ့ တိုက်ခိုက်မှု ၉၈ ကြိမ်လုပ်ဆောင်ခဲ့ တာကြောင့် က လေးငယ် ၄၉ ဦးနဲ့ အမျိုးသမီး ၉၆ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၅၄၃ ဦး သေဆုံးခဲ့ပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှု ၁၂၁၀ ထဲမှာ ရှမ်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ်၊ မန္တလေးတိုင်းကို လေကြောင်းတိုက်ခိုက်မှု ၂၃၅ ကြိမ်၊ ရခိုင်ပြည်နယ်ကို ၁၈၉ ကြိမ်၊ စစ်ကိုင်းတိုင်းကို ၁၇၇ ကြိမ်၊ ကချင်ပြည်နယ်ကို ၄၆ ကြိမ်၊ မကွေးတိုင်းကို ၅၃ ကြိမ်၊ ချင်း ပြည် နယ်ကို ၃၅ ကြိမ်၊ ကယားပြည်နယ်ကို ၆ ကြိမ်၊ ကရင်ပြည်နယ်ကို ၁၄ ကြိမ်၊ တနင်္သာရီတိုင်းကို ၂၄ ကြိမ်၊ ပဲခူးတိုင်းကို ၁ ကြိမ် နဲ့ မွန်ပြည်နယ်ကို ၁ ကြိမ်တိုက်ခိုက်တာ ရှိခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှု ပထမ အများဆုံး အနေ နဲ့ ရှမ်းပြည်နယ်ကိုတိုက်ခိုက်ခံရပြီး ဒုတိယ အများဆုံးတိုက်ခိုက်ခံရမှုမှာ မန္တလေးတိုင်းဖြစ်ပြီးတော့ ရခိုင်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု တတိယအများဆုံးနေရာတစ်ခုဖြစ်ပြီး စက်တင်ဘာလ တစ်လတည်းမှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၉ ကြိမ်အထိလုပ်ခဲ့တာ ရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here