CNA၊ဟိန်းထက်။
အမ်း နပခ ဌာနချုပ်အတွင်းမှာ တိုက်ပွဲအတွင် ဒဏ်ရာ ရရှိထားပြီးတော့ ဆေးဝါးကုသမှု မပေးနိုင်တဲ့ စစ်ကောင်စီတပ်သား စုစုပေါင်းဟာ ၃၀၀ နီးပါးလောက်အထိရှိနေတယ်လို့ စစ်ကောင်စီရဲ့ စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။
“အခုက တိုင်းဌာနချုပ်မှာ ဒဏ်ရာ ရတဲ့စစ်ကောင်စီတပ်သားတွေက ၃၀၀ နီးပါးလောက်ရှိနေတယ်။ အဲဒါက ပြီးခဲ့တဲ့ ၂ ရက်လောက်က အခြေအနေပါ။ဆေးကုဖို့အတွက်က ဆေးဝါးလည်းမလုံလောက်ဘူး။ပြီးတော့ အေအေကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတော့ ဆေးကုလို့ မရတဲ့ အနေ အထားမှာ ရှိနေတယ်။ စစ်ကူကလည်းမရောက်နိုင်တော့ဘူးဆိုတော့ တပ်တွင်းမှာက တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတယ်။တပ်သားတွေ အကုန်လုံးကလည်း စိတ်ဓာတ်ရေးရာပိုင်းဆိုင်ရာတွေ တော်တော်ကျဆင်းနေပြီလို့ ” စစ်ကောင်စီ ရဲ့ စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
တဖက်မှာလည်း အဲဒီလို ဆေးဝါးကုသမှု လုံလုံလောက်လောက် မပေးနိုင်တဲ့ အတွက်တပ်သားအများစု သေဆုံးနေတာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို မြင်တွေ့ နေရတဲ့ အတွက် စစ်ကောင်စီတပ်သားအများစုဟာ စိတ်ဓာတ်ရေးရာပိုင်းဆိုင်ရာတွေ ကျဆင်းနေတာတွေရှိနေတယ်လို့ လည်း ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ နိုယင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီအခြေစိုက် တပ်စခန်းဖြစ်တဲ့ ခမရ (၃၇၁) ခြေမြန်တပ်ရင်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့အာရက္ခတပ်တော်ဟာ စစ်ကောင်စီ အခြေစိုက် တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ အပါအဝင် ဌာပခ ဌာနချုပ်ကိုပါ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ နပခ ဌာနချုပ်ကို ကာကွယ်နိုင်ဖို့ အတွက် စစ်အင်အား ၃၀၀ ကျော်လောက်နဲ့ ပြင်ဆင်ထားတာတွေ ရှိနေ သလို လူသားဒိုင်းကာ အနေ နဲ့ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေ နဲ့ အကျည်းသားတွေကိုလည်း ဓါးစာခံလုပ် ခုခံဖို့ အတွက် ပြင်ဆင်ထားတာတွေ ရှိနေတယ်လို့ အဲဒီစစ်ကောင်စီရဲ့ စစ်ရေး သတင်းအရင်းအမြစ်ကဆိုပါတယ်။
“အခုက တပ်ထိန်း အပါအဝင် မကျရှုံးသေးတဲ့ စစ်စခန်းတွေကိုက စစ်အင်အားဖြည့်မပေးတော့ဘူး။ဟိုစခန်းကျသွားရင် နောက်စခန်းတစ်ခုမှာ သွားပေါင်း အဲလောက်ပဲရှိတော့တယ်။နပခမှာ ရှိနေတဲ့ စစ်အင်အားတွေကို မပို့ပေးတော့ဘူး။သဘောက အပြင်ကလူတွေက အပြင်ကဟာလိုပဲ ခုခံ အဲလို သဘောတွေဖြစ်နေတယ်။နပခထဲမှာတော့ စစ်အင်အား ၃၀၀ကျော်လောက်နဲ့ ပြင်ဆင်ထားတယ် အဲဒီထဲမှာကတော့အထူးတိုက်ခိုက်ရေး အဖွဲ့တွေ ပါတယ်ပေါ့။ ပြီးတော့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံတွေ နဲ့ အကျည်းသားတွေကို နပခ ထဲမှာထားတယ်။သူတို့ ကို လူသားဒိုင်းလုပ်ပြီးတော့ ခုခံလို့ မရရင် ထွက်ပြေးဖို့ လုပ်ထားတဲ့ သဘောပေါ့။ အခုအပြင်တပ်ရင်းတွေမှာက လတ်လတ်လောလော သင်တန်းဆင်းတပ်သားတွေ များတယ်။တိုက်ခိုက်ရေး စွမ်းရည်မရှိဘူး အတွေ့အကြုံလည်း အဲလောက်ရှိတဲ့သူတွေတော့ မဟုတ်ဘူးလို့”သူကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ လက်ရှိကျန်ရှိနေသေးတဲ့ တပ်ရင်းတွေ နဲ့ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပါ လက်လွတ်ဆုံးရှုံးလိုက်ရပါက အမ်းမြို့နယ်တစ်ခုလုံးကို လေကြောင်းတိုက်ခိုက်ဖျက်ဆီးဖို့ အတွက် အဆင်သင့်ပြင်ဆင်ထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊အပါအဝင် ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ နဲ့ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေသာ ကျန်ရှိနေပြီး အဲဒီတပ်ရင်းတွေကိုလည်းအာရက္ခတပ်တော် က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.