စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တည်ရှိတဲ့ အမ်းမြို့မှာ မြို့ရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အမ်းမြို့ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ စခန်းကိုစွန့်ခွာပြီး ဘီအီးတပ်ဘက်ကိုထွက်ပြေးသွားတဲ့အတွက် မြို့ရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၄ရက်မှာလည်း အမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာ ၂စီး၊ ရဟတ်ယာဉ် ၂စီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
“တချို့က(စကစ) အရပ်ဝတ်နဲ့ ထွက်ပြေးနေရတယ်။အရပ်ဝတ်နဲ့ထွက်ပြေးနေတဲ့လူတွေ၊ ကျန်နေတဲ့တပ်စခန်းတွေမှာ အသေခံတပ်သားအဖြစ်ကျန်တဲ့သူတွေပဲရှိတော့တယ်”လို့ အမ်းမြို့နယ်အတွင်းက စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကိုလည်း AA က ဘက်ပေါင်းစုံကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း မကွေးတိုင်းကနေ အမ်းမြို့နယ်ကို စစ်ကူအင်အား ၄၀၀ခန့် လွှတ်ထားတယ်လို့သိရပြီး၊ အဆိုပါ စစ်ကူစစ်ကြောင်းကို အမ်းမြို့နယ်မရောက်ရှိစေရေးအတွက် PDFတွေက ကြားဖြတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ သိရပါတယ်။
“ဘယ်နေရာကိုရောက်နေပြီဆိုတာတော့ ကျနော်တို့လည်း အတိကျ မသိရသေးဘူး။ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေအဆင်မပြေတာကြောင့်”လို့ စစ်ရေးလေ့လာစောင့်ကြည့်သူက ပြောပါတယ်။
လက်ရှိမှာတော့ အမ်းမြို့အတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို မြို့ထဲကထွက်ဖို့နဲ့ AAကကယ်ထုတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။
မြို့ကနေထွက်လာတဲ့ စစ်ဘေးရှောင်အရပ်သားပြည်သူတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အမ်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ နဲ့ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AAက နိုဝင်ဘာ ၁၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.