
CNA၊ဟိန်းထက်။
အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ ရဲ့ မရပ်မနားလက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံနေရတဲ့ အမ်းနပခ ဌာနချုပ်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အစားအသောက်မရှိတာ၊ဆေးဝါးကုသခွင့် မရတာတွေကြောင့် စိတ်ကျဝေဒနာတွေကို ခံစားနေကြရတယ်လို့ စစ်ရေး သတင်းအရင်းမြစ် နဲ့ နီးစပ်သူတွေကပြောပါတယ်။
အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ နပခ အပါအဝင်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိနေသလို နပခ ဌာနချုပ်ကိုလည်း လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် ပစ်ခတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အဲဒီနပခ ဌာနချုပ် ထဲမှာ ရှိနေတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေဟာ ဆေးကုသခွင့်မရတာ၊အစားအသောက်မရှိတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားနေကြရတာ ဖြစ်တယ်လို့ စစ်ရေး သတင်းအရင်းအမြစ် နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“ပြီးခဲ့တဲ့ ၂ ရက်ကတည်းကပင် နပခကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ အဲဒီအထဲမှာ ရှိနေတဲ့ အဆောက်အဦးတွေ အကုန်လုံးပြို ပျက်သွားပြီလို့ သိရတယ်။ပြီးတော့အဲဒီအမ်းနပခ ထဲမှာက ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေလည်း အများအပြားရှိတယ်။ အဲဒီအကောင်တွေကိုလည်း ဆေးကုသခွင့်မရတော့ အဲဒီထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက စိတ်ဝေဒနာကို ခံစားနေကြရတာဖြစ်တယ်လို”သူကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ အမ်းမြို့အပါအဝင် အမ်းမြို့နယ် အထဲမှာ ရှိတဲ့စစ်ကောင်စီတပ်စခန်းတွေထဲက စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနဲ့ ကာကင်းစခန်းတွေအပြင် ခမရ (၃၇၃)-ခြေမြန်တပ်ရင်း၊အမတ (၃၇၄)- အမြောက်တပ်ရင်း၊ လလစ (၇၅၇)-လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊စနခ (၃၄၅)- စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊တစသ (၈)-တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ၊တဆရ(၂/၃၀၀)-ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် ၊စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ် နဲ့ စအရ (၉၁၉) – စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို အာရက္ခတပ်တော် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
စစ်ကောင်စီဟာ နပခ ဌာနချုပ်အပါဝင် ကျန်ရှိနေသေးတဲ့ စစ်စခန်းတွေ မကျရှုံးသွားရအောင် လေကြောင်းပစ်ကူ နဲ့ ခုခံတိုက်ခိုက်တာတွေ လုပ်ဆောင်ပေးနေတာတွေ ရှိနေပေမယ့် မြေပြင်မှာ စစ်ကောင်စီတပ်သားတွေ မရှိတော့တာကြောင့် မကွေးကနေ အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။
အဲဒီ စစ်ကြောင်းကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကအမ်း နဲ့ ၂ မိုင်ခန့် အကွာ ရိုးလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကူလာတဲ့ အင်အား ၄၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ထဲက စစ်ကောင်စီ အင်အား ၁၀၀ နီးပါးဟာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဆီမှာ လက်နက်ချ အညံ့ခံခဲ့တာတွေ ရှိသလို နောက်ထပ် စစ်ကောင်စီတပ်သားအများအပြားဟာလည်း သေဆုံးတာ ရှိခဲ့ရတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်ကပြောပါတယ်.။
“စစ်ကောင်စီက နပခ ဌာနချုပ်အပါအဝင် လက်ရှိကျန်နေသေးတဲ့ စစ်စခန်းတွေကို ကာကွယ်ဖို့ကြိုးစားခဲ့တယ် နည်းလမ်းမျိုးစုံ နဲ့ပေါ့လေကြောင်းပစ်ကူလည်း လုပ်ခဲ့တယ် ဒါပေမယ့် မရခဲ့ဘူး။ပြီးတော့ မြေပြင်က စစ်ကူလည်း လွတ်တယ်။အဲဒီမြေပြင်က လာတဲ့ စစ်ကြောင်းကိုလည်း ရိုးလမ်း လတ်ကိုရိုးဆိုတဲ့ နေရာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခံရတော့ လက်နက်ချ အညံ့ခံတာတွေလည်းရှိတယ်။ပြီးတော့ သေတာတွေလည်းရှိတယ်။ထွက်ပြေးလွတ်မြောက်နေတဲ့ အကောင်တွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက လိုက်လံ ရှင်းလင်းနေတယ်လို့”သူကပြောပါတယ်။
အဲဒီလို စစ်ကူလွတ်လိုက်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အမ်းကိုမရောက်ရှိလိုက်ပဲ လမ်းမှာပဲတင်ကုန်ဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတာလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော်ဟာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာတွေရှိနေသလို သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ အမ်း မြို့ပေါ်မှာ ရှိနေတဲ့ နေရာတချို့ကို နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ လည်း သိရပါတယ်။