ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ငွေညစ်မှုကျူးလွန်သူတွေထဲက ၆ဦးကို သေဒဏ်ပေးတရားစီရင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၅ရက် မနက်ပိုင်းမှာလူ ၁၄ဦး ဝန်းကျင်ခန့်ကို MNDAAက တရားစီရင်ခဲ့တာလို့သိရပြီး အဲ့ထဲက လူ ၆ဦးကို အများပြည်သူရှေ့မှာ သေဒဏ်ပေးခဲ့တာလို့ ဆိုပါတယ်။
ကျန်ရှိနေသေးတဲ့လူတွေကိုတော့ ထောင်ဒဏ် ၁၀နှစ်ကနေ နှစ် ၂၀ထိ နှစ်ရှည်ထောင်ဒဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။



MNDAAဟာ ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း ရာဇဝတ်မှု ကျူးလွန်သူ MNDAAအဖွဲ့ဝင် ၁၀ ယောက်ထဲက ၃ ယောက်ကို အများပြည်သူရှေ့မှာ သေဒဏ်ပေးခဲ့ပါသေးတယ်။
သူတို့ကိုတော့ ပြည်သူတွေအပေါ် ငွေကြေးအဓမ္မတောင်းခံတာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်တာတွေကို ကျူးလွန်ခဲ့တာကြောင့် သေဒဏ်ပေးခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်အပေါ် ဥရောပသမဂ္ဂ EUကတော့MNDAAရဲ့ သေဒဏ်ချတဲ့ ဆုံးဖြတ်ချက်ကို အပြင်းထန်ဆုံး ရှုတ်ချပြီး အချိန်တိုင်း၊ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှု ကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ဧပြီလ ၂၅ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကိုကိုယ်စားပြုတယ်လို့လည်း ဥရောပသမဂ္ဂ EUကဆိုပါတယ်။








**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.