အမ်း နဲ့ ဂွမြို့နယ် အတွင်းက တိုက်ပွဲတွေကို စစ်ကူပို့လိုက်တဲ့ စစ်ကောင်စီတပ်သား ၃၀၀ ကျော်ထဲက ၂၀၀ ကျော်လောက်ကို အာရက္ခတပ်တော်က သုတ်သင်ရှင်းလင်း ဖမ်းဆီး ရမိခဲ့တယ်လို့ မနေ့က ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အမ်းမြိုကို စစ်ကူပေးဖို့လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စတဲ့ တပ်ရင်းသုံးရင်း နဲ့ စုပေါင်းထားတဲ့ အင်အား (၁၃၀) ခန့် ပါတဲ့ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ မနက် (၈) နာရီ (၃၅) မိနစ်မှာ အမ်းမြို့ရဲ့ မြောက်ဘက်၊ ရိုးတောင်လမ်းမထက် တစ်နေရာမှာ အာရက္ခတပ်တော်က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၃ ရက်အကြာ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်မှာ ရန်သူ့အလောင်း စုစုပေါင်း (၁၀၀) ကျော် နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရမိခဲ့သလို စစ်သုံးပန်း တချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပဲ ဂွ ဘက်တွင်လည်း စစ်ကူတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှာ ဂွမြိုနယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နဲ့ သံခဲချိုင်ကျေးရွာ နဲ့ ကင်းပုံကျေးရွာအကြား မှာ သုံးရက်ကြာ အာရက္ခတပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း (၁၂၀) ကျော် နဲ့ စစ်သုံပန်းတချို့ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများစွာကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဂွမြို့ အတွင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်း (၅) ရင်းစုပေါင်းထား တဲ့ အင်အား (၁၈၄) ယောက်ပါတဲ့ စစ်ကြောင်းတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီ ဂွ နဲ့ အမ်းကို စစ်ကူပေးလာတဲ့ စစ်ကြောင်းတွေ အနေ နဲ့လည်း အာရက္ခတပ်တော် ရဲ့ ဖြတ်တောက်တိုက်ခိုက်မှု တွေကို လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်း တွေကို အသုံးပြုပြီးတော့ အသည်း အသည်းအသန် ခုခံကာကွယ်နေတဲ့ ကြားကနေပြီးတော့ အာရက္ခတပ်တော်က အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထွက်ပြေးလွတ်မြောက် နေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တချိုကိုလည်း အာရက္ခတပ်တော်က လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လိုဆိုပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောမြို့တွေက စစ်ကောင်စီ ရဲ့ လက်ကျန်စခန်းတွေကို အရင်နှီးတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.