Home သတင်း စစ်ရေး စစ်ရေးလိုအပ်ချက်အရ နတ်မြစ်ကို ရက်အကန့်အသတ်မရှိ အာရက္ခတပ်တော် ပိတ်ပင်

စစ်ရေးလိုအပ်ချက်အရ နတ်မြစ်ကို ရက်အကန့်အသတ်မရှိ အာရက္ခတပ်တော် ပိတ်ပင်

84
0

အာရက္ခပြည် ရေပိုင်နက်အခြမ်းမှာရှိတဲ့ နတ်မြစ်အတွင်းက ရေကြောင်းခရီးသွားလာမှုတွေကို ဒီကနေ့ ဒီဇင်ဘာ ၈ရက်၊ ညနေ ၃နာရီခွဲအချိန်ကစပြီး အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ အာရက္ခတပ်တော်(AA)က ဒီ‌ကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

မောင်တောဒေသ၊ မောင်တောမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကို ဒီကနေ့ မနက်ပိုင်းမှာ အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ရေးလိုအပ်ချက်နဲ့ ပြည်သူ့လုံခြုံရေးအတွက် ပိတ်ပင်လိုက်တာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။

နခခ-၅ ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်၊ စစ်ကောင်စီဘက်က ပူးပေါင်းတိုက်ခိုက်ပေးနေတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RSO၊ ARSA၊ ARAနဲ့ စစ်ကောင်စီသင်တန်းပေးထားတဲ့ စစ်သွေးကြွလက်နက်ကိုင်အဖွဲ့ဝင်တချို့မှာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ် – အာရက္ခနယ်စပ်၊ နတ်မြစ်တစ်လျှောက်မှာ စစ်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေတွေနဲ့ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့အတွက် ယခုလိုပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့လည်း ထွက်ပြေးနေတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းအပါတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေပြီး၊ နခခ-၅ အနီးပတ်ဝန်းကျင်သာမက မောင်တောဒေသရဲ့ အခြားနေရာတွေမှာပါ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here