Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ ၁လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ဦးသေဆုံး

ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ ၁လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ဦးသေဆုံး

137
1
ပုံ - နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်မဲမြို့မြင်ကွင်း။TNLA

ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၃၅ဦးသေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံ (ND-Burma) ကထုတ်ပြန်လာပါတယ်။

နိုဝင်ဘာလအတွင်း ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှု ၂၅ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၂၅ ဦးနဲ့ ကလေး ၁၀ ဦး သေဆုံးခဲ့ရသလို၊ လူကြီး ၂၃ ဦး နဲ့ ကလေး ၅၁ဦးအပါအဝင် စုစုပေါင်း ၇၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အများစုဟာ ပြည်သူတွေအနားယူအိပ်စက်ချိန်ဖြစ်တဲ့ မနက်အစောပိုင်းနဲ့ ညနေပိုင်းတို့မှာ ဖြစ်ပွားခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs)တွေရဲ့ ယာယီတဲတွေ၊ စစ်ရှောင်စခန်းတွေနဲ့ ဒေသခံလက်ဖက်ရည်ဆိုင်တွေဟာ အဓိက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခံနေရတယ်လို့လည်း ND-Burmaက အသိပေးထားပါတယ်။

စစ်အာဏာရှင်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေဟာ ကြီးမားတဲ့ ပျက်စီးမှုတွေ၊ ဆုံရှုံးမှုတွေကို ဆက်လက်ခံစားနေကြရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို ND-Burmaက ရှုတ်ချပြီး စစ်အာဏာရှင်တပ်တွေရဲ့တိုက်ခိုက်မှုကို အမြဲကြောက်ရွံ့နေရတဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းက ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့လည်း ND-Burmaက တောင်းဆိုထားပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူနည်းစုတွေအပေါ် အချိန်ကြာမြင့်စွာ နှိပ်စက်ညှဥ်းပန်းမှုတွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားချက်ကို ကြိုဆိုတယ်လို့လည်း ND-Burmaက ထုတ်ပြန်ထားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here