ကရင်နီနဲ့ ရှမ်းပြည်နယ်တို့က နယ်စပ်တိုက်ပွဲတွေမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပြုလုပ်လာပြီး အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုလာပြီဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်လာပါတယ်။
S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ထည့်သွင်းအသုံးပြုလာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်နဲ့ ၈ရက်နေ့တွေမှာဆိုရင် မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၂၂)တပ်က မိုးဗြဲမြို့နဲ့ ပတ်ဝန်းကျင်နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ KNDF ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ပေမယ့် စစ်ကောင်စီက အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုခဲ့တဲ့အတွက် ဗုံးသီးကျရောက်ရာ ပတ်ဝန်းကျင်အနီးမှာ မီးခိုးတွေအများအပြားထွက်လာခဲ့ပြီး မီးခိုးရှူရှိက်မိတဲ့ ရဲဘော်အချို့မှာ မူးဝေတာ၊ ခေါင်းမူးတာ၊ အော့အန်လိုတာ၊ အိပ်ချင်လာတာ၊ ခန္တာကိုယ်မလန်းဆန်းတာနဲ့ အားပြတ်တာ စတဲ့ဝေဒနာတွေကို ခံစားခဲ့ရတယ်လို့ KNDFက အသိပေးထားပါတယ်။



ဗုံးသီးကျရောက်ခဲ့တဲ့နေရာတွေကို သွားရောက်စစ်ဆေးတဲ့အခါ စစ်ကောင်စီဘက်က အက်စ်ဖော့စ်အဆိပ်ငွေ့ပြားတွေ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း KNDFက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အများပြည်သူတွေအနေနဲ့လည်း သတိကြီးစွာထားပြီး မိမိတို့ပတ်ဝန်းကျင်အနီးမှာ ဒရုန်းတွေ ပျံဝဲနေတာ၊ တိုက်ခိုက်ခံရတဲ့ နေရာတွေနဲ့ အနီးမှာရှိနေမယ်ဆိုရင် သွားရောက်စူးစမ်းတာတွေမပြုလုပ်ဘဲ လုံခြုံတဲ့နေရာတွေကို ပုန်းခို၊ ရှောင်ရှားကြဖို့လည်း KNDFက အကြံပြုထားပါသေးတယ်။
လက်ရှိမှာတော့ ဖယ်ခုံ၊ မိုးဗြဲနဲ့ လွိုင်ကော် လမ်းမကြီးပေါ်မှာ KNDF၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ကြိုကြားဖြစ်ပွားနေတယ်လို့ KNDFက ထုတ်ပြန်ထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.