Home သတင်း စစ်ရေး ပခုက္ကူ၊ ရေလာလေးစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ပခုက္ကူ၊ ရေလာလေးစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

84
0
ပုံ၊ရေလာလေး စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများ။ S.A.F

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ဦးလည်း ကျဆုံးခဲ့ရတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)က ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၁၁ရက်နေ့တုန်းက ရေလာလေးစခန်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁နာရီကျော်ကြအောင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ဦးထက်မနည်းသေဆုံးခဲ့သလို သုံ့ပန်း ၇ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၆၀ မမစိန်ပြောင်း (၁)လက် ၊ MA2(၁)လက်၊MA3 (၁)လက်၊ M2 ကာဘိုင် (၁၂)လက်၊ ရှော့ဂန်း(၃)လက် ၊ 5.56လက်လုပ်(၁)လက်၊ ကျည်ဘောက် (၁၀)ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်နဲ့ ခဲယမ်းပစ္စည်းတွေအပါအဝင် ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိ‌ပေးထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၂ဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ဦးနဲ့ ဒေသခံပြည်သူ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကိုတော့ အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့အတူ ကျောင်းသားလက်ရုံးတပ်တော် အပါအဝင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း ၊ Kamma Revolution Force ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့လည်း “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့်နိုင်ငံတော်သစ်ဆီသို့” ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါ‌တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here