Home သတင်း စစ်ရေး ဂွအခြေစိုက် ခမရ-၅၆၃ ကို အာရက္ခတပ်တော် စတင်ထိုးစစ်ဆင်တိုက်ခိုက်

ဂွအခြေစိုက် ခမရ-၅၆၃ ကို အာရက္ခတပ်တော် စတင်ထိုးစစ်ဆင်တိုက်ခိုက်

109
0

CNA၊မြတ်သူ။

အာရက္ခတပ်တော်ဟာ ဂွမြို့ အခြေစိုက် ခမရ – ၅၆၃ တပ်ရင်းကို မနေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဂွမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ ရဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာတာဟာ ၃ လာကျော်အထိကြာမြင့်လာခဲ့ပြီးနောက်မှာတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဂွမြို့အတွင်းက စစ်ကောင်စီအခြေစိုက် ခမရ – ၅၆၃ တပ်ရင်းအထိ ထိုးစစ်ဝင်ရောက်လာတာဖြစ်ပါတယ်။

“မနေ့က ညနေ ၅ နာရီလောက်မှာဖြစ်တာပါ။တိုက်ပွဲက အေအေက ဒရုန်း နဲ့ စပြီးတော့ပစ်တာ။ထိခိုက်မှု ရှိမရှိတော့မသိဘူး။နှစ်ဖက်ပစ်ခတ်မှုတော့ဖြစ်တယ်။ ရိုးမှာရှိတဲ့ စစ်ကားတွေ လည်းစစ်ကူအနေနဲ့ လာတာတွေ တွေ့ရတယ်။နေဗီကလည်း လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေရှိတယ်။အကြာကြီးဖြစ်ခဲ့တာတော့မဟုတ်ဘူးလို့”သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဂွမြို့ နဲ့ တဆက်တည်းမှာရှိတဲ့ ရဟိုင်းကွင်း အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေရှိနေပြီး၊ အဲဒီနေရာအနီးဝန်းကျင်ကို စစ်ကောင်စီတပ် တွေက စစ်ကူသွားတာ၊ နေဗီတွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ အဲဒီဒေသခံက ဆက်လက်ပြောဆိုထားပါတယ်။

“ဒီမနက်ကတော့ ၅၆၃ ထဲမှာတော့မဖြစ်တော့ဘူးဗျ ။ရဟိုင်းကွင်းနားမှာဖြစ်နေတယ်။အဲဒီဖက်က ပစ်ခတ်သံတွေ ကြားနေရတယ်။စစ်ကောင်စီကလည်း တပ်ကူသွားတာ နဲ့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေ ရှိနေတယ် ။မြို့ပေါ်မှာတော့ လူတွေသိမ်မရှိဘူး။စစ်ကောင်စီကားတွေကတော့ အသွားအလာရှိနေတယ်လို့”သူကပြောပါတယ်။


ဂွမြို့နယ်ဟာ ရခိုင်တောင်ပိုင်းဒေသက ပြည်မ နဲ့ ဆက်သွယ်ထားတဲ့ မြို့နယ် တစ်ခုဖြစ်ပြီးတော့ ကုန်သွယ်ရေး၊စီးပွားရေး တွေအတွက် အရေးပါတဲ့ မြို့နယ် တစ်ခုလည်းဖြစ်ပါတယ်။

အဲဒါကြောင့်စစ်ကောင်စီဟာ ဂွမြို့ကို လက်လွတ်မဆုံးရှုံး ရစေဖို့အတွက် ဂွမြို့နယ်အတွင်းက စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ – ၅၆၂ နဲ့ ခမရ – ၅၆၃ တပ်ရင်းတွေမှာ စစ်အင်အားဖြည့်တင်းတာ၊လက်နက်ကြီးတွေ တပ်ဆင်တာ၊ ဘန်ကာတွေ အခိုင်အမာတည်ဆောက်တာတွေကို လုပ်ဆောင်ထားသလို ဂွ နဲ့ ငသိုင်းချောင်းသွားရာလမ်းက ရိုးလမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်စခန်းတွေ တည်ဆောက်ထားတာတွေများစွာရှိတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here