Home သတင်း မြောက်ပိုင်းအဖွဲ့တွေလက်နက်ချဖို့ မင်းအောင်လှိုင်ပြောဆိုပြီးနောက် စစ်ကောင်စီတပ်သားတွေ AA ဆီမှာ လက်နက်ချ အညံခံမှု ပိုများလာနေ

မြောက်ပိုင်းအဖွဲ့တွေလက်နက်ချဖို့ မင်းအောင်လှိုင်ပြောဆိုပြီးနောက် စစ်ကောင်စီတပ်သားတွေ AA ဆီမှာ လက်နက်ချ အညံခံမှု ပိုများလာနေ

45
0

CNA။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLAနဲ့ AAတို့ကို လက်နက်ချဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြီးနောက်မှာ အမ်းမှာ ရှိတဲ့ နပခ က ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် ဆီမှာ လက်နက်ချ အလံဖြူထောင်တာတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့တာကို အာရက္ခတပ်တော်ရဲ့ သတင်းထုတ်ပြန်ချက် ရုပ်သံဖိုင်တွေက တဆင့် မြင်တွေ့ လာရပါတယ်။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့မှာကျရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် နှစ် ၅၀ပြည့် ရွှေရတု အထိမ်းအမှတ်နေ့ ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ MNDAA၊ TNLA၊ AAတို့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာဖြေ‌ရှင်းဖို့ ပြောဆိုခဲ့ပြီးတဲ့နောက် ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ ရက်နေ့ နှစ်ရက်အတွင်းမှာ အမ်း နပခ မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာနဲ့ချီတဲ့ တပ်သားတွေဟာ အာရက္ခတပ်တော် ဆီမှာ အခုလို အလံဖြူထောင် လက်နက်ချခဲ့ကြတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကလည်း သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့နယ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေ နဲ့ မြန်မြန်အလံဖြူထောင်ရင် စောစော အသက်ရှင်ခွင့်ရမှာဖြစ်သလို မိသားစုဝင်တွေ နဲ့လည်း မြန်မြန်တွေ့ ခွင့်ရမှာ ဖြစ်တယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။

အဲဒီစစ်ခေါင်ဆောင်းမင်းအောင်လှိုင်က မြောက်ပိုင်းသုံးဖွဲ့ကို လက်နက်ချအညံ့ခံဖို့ ပြောဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကသာ ဆက်တိုက်လက်နက်ချ အညံ့ခံလာတဲ့ အပေါ် ရခိုင်စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးပြောဆိုတာက “သူကပရမ်းပတာတွေ ထိုင်ခုံကနေ မဆင်းပဲ ပေါက်ပန်းလေးဆယ်တွေ ပြောနေတာ။မြေပြင်မှာ သူလွတ်ထားတဲ့ အကောင်တွေကို သူကဘာမှလုပ်မပေးနိုင်ဘူး။ နပခ မှာက အခုလို အုပ်စုလိုက်လက်နက်ချတာမဟုတ်ပဲ ၄၊ ၅ယောက် တစ်ဖွဲ့ လက်နက်ချတာအများပဲ။တပ်တော်ကလည်း ပြောထားပြီးပြီပဲ။ မြန်မြန်အလံဖြူထောင်ရင် စောစော အသက်ရှင်ခွင့်ရမှာဖြစ်ပြီး မိသားစု ဆွေမျိုးတွေ နဲ့လည်း မြန်မြန်တွေ့ခွင့် ရမယ်လို့။ဒါဟာ အခွင့်အရေးကောင်းဖြစ်တယ်”လို့ ရခိုင်ဒေသခံတစ်ဦးက CNAကို ပြောပါတယ်။

ဒါ့အပြင် ဒီလကုန်လောက်ဆိုရင် အမ်းကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်လိမ့်မယ်လို့လည်း သူက ခန့်မှန်းထားပါသေးတယ်။

ဒီဇင်ဘာ ၁၇ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းထဲမှာဆိုရင် အမ်း နပခ ထဲမှာရှိနေတဲ့ အဆောက်အဦးတချို့ မီးလောင်ပျက်စီးမှုရှိနေတာကို ဒရုန်းနဲ့ ရိုက်ပြထားတာကိုတွေ့ရပြီး ဒီလို ဒရုန်း နဲ့ ရိုက်ပြထားတာကို ကြည့်ရခြင်းအားဖြင့် အဲဒီ နပခ အထဲမှာတပ်ဆင်ထားတဲ့ ဒရုန်းဖြတ်စက်(ဂျန်မာ)စက်တွေဟာ အလုပ်မလုပ် တော့ဘူးဆိုတာကိုလည်း သိသာ ထင်ရှားမှုမြင်တွေ့ရမှာဖြစ်ပါတယ်။

အမ်းမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ ဧရိယာအကြီးဆုံးမြို့ဖြစ်ပြီး နပခ တိုင်းဌာနချုပ်အပြင် စစ်တပ် တပ်ရင်းများစွာရှိတဲ့နေရာဖြစ်ပါတယ်။တရုတ်ရဲ့ စီမံကိန်းပိုက်လိုင်းတွေ အဓိကဖြတ်သန်းရာနေရာလည်း ဖြစ်တဲ့ အမ်းမြို့သာ ကျသွားမယ်ဆိုရင် စစ်ကောင်စီဟာ နိုင်ငံရေး၊ စီးပွားရေနဲ့ ဂုဏ်သိက္ခာအပိုင်းမှာပါ ထိခိုက်လာမှာ ဖြစ်သလို တော်လှန်ရေး အင်အားစုတွေ အတွက် ရိက္ခာနဲ့ တခြားကိစ္စရပ်တွေ လုပ်ဆောင်တဲ့ နေရာမှာ ပိုမို အသုံးဝင်လာမှာ ဖြစ်ပါ တယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ အထိ တစ်နှစ်ကျော် ကာလ အတွင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၂ ခု နဲ့ ပလက်ဝဒေသ တစ်ခုလုံးကို သိမ်းပိုက် ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော်က အမ်း နဲ့ ဂွတို့ မှာ သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်ကောင်စီ လက်ကျန်တပ်စ ခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တွေ၊မာန်အောင် နဲ့ ကျောက်ဖြူမြို့နယ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ အာရက္ခတပ်တော် ကအတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here