အာရက္ခတပ်တော်(AA)ရဲ့ လက်မှတ်ထိုးခွင့်ပြုထားတဲ့ စာရွက်စာတမ်းတွေနဲ့အတူ တင်ပို့လာတဲ့ ဆန်တွေဟာ ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းဘက်ကိုရောက်ရှိလာတဲ့အတွက် ဆိပ်ကမ်းတာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုဖို့ အခက်တွေ့နေရတယ်လို့ The Daily Star သတင်းဌာနကရေးသားဖော်ပြထားပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ကနေ ၁၉ မက်ထရစ်တန် (၃၈၄ အိတ်) ပါဝင်တဲ့ ဆန်တွေဟာ အင်္ဂါနေ့ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘာဇာမြို့၊ တက်နပ်မြေပြင်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့တယ်လို့ဆို ပါတယ်။
မြေပြင်ဆိပ်ကမ်းရောက်ရှိချိန်မှာတော့ အာဏာပိုင်တွေဆီကို ဆန်တင်သွင်းဖို့ စာရွက်စာတမ်း တင်သွားတဲ့နေရာမှာ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ အကောက်ခွန်ဌာန ရဲ့ အတည်ပြုချက်ရရှိတာကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ စာရွက်စာတမ်းတွေထဲမှာ အာရက္ခပြည်သူ့အစိုးရရဲ့ အမှတ်တံဆိပ် ပါရှိပြီး၊ အာရက္ခ ဘာသာနဲ့ ရေးသားထားတဲ့ စာရွက်စာတမ်းမှာ လက်မှတ်နှစ်ခုပါရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် (AA) တို့အကြားမှာ တရားဝင်ဆက်ဆံရေးမရှိတဲ့အတွက် အဆိုပါဆန်တင်ပို့မှုဟာ များစွာသော သုံးသပ်မှုတွေကိုဖြစ်စေခဲ့သလို၊ မဟာမိတ်မဟုတ်တဲ့ အဖွဲ့အစည်းရဲ့ ဆန်တင်ပို့မှုဟာ တက်နပ်မြို့နေပြည်သူ တွေအကြား သုံးသပ်မှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
တက်နပ်မြေပြင်ဆိပ်ကမ်းရဲ့ အကောက်ခွန်အရာရှိ BM Abdullah Al Masum ကတော့ “မှတ်တမ်းစာရွက်များ မပြည့်စုံသောကြောင့် မောင်းတောမှ ဆန်တင်ပို့မှုအား လက်ခံဆောင်ရွက်ခြင်း မပြုခဲ့ပါ” လို့ မီဒီယာတွေကို ပြောကြား ခဲ့ကြောင်း သိရပါတယ်။
ကုန်ပစ္စည်းတွေအတွက် သင့်တော်တဲ့ ခွင့်ပြုချက်မရှိရင် တင်သွင်းသူအနေနဲ့ မြန်မာနိုင်ငံက ဆန်ကို တင်ပို့ဖို့ ခွင့်ပြုချ က်မရှိဘူးလို့လည်း အကောက်ခွန်အရာရှိက ပြောပါတယ်။
တင်သွင်းသူအနေနဲ့ သင့်တင့်တဲ့ စာရွက်စာတမ်းတွေမပြနိုင်ရင် ဆန်တင်ပို့မှုကို ရုပ်သိမ်းမယ်လို့လည်း သူကဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးထားတာမရှိပဲ ဒီကုန်စည်တင်ပို့လာတာဟာလည်း ယခုအကြိမ်မှာ ပထမဆုံးဖြစ်ပြီးတယ်လို့ဆိုပါတယ်။ အရင်တုန်းကဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ အကောက်ခွန်ဌာနကသာ ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေဖြစ်တယ်လို့လည်း တက်နပ်မြေပြင်ဆိပ်ကမ်းရဲ့ အကောက်ခွန်အရာရှိတွေက ဆိုပါတယ်။
နိုင်ငံတကာမီဒီယာတွေရဲ့ အစီရင်ခံချက်တွေအရ လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂၇၀ ကီလိုမီတာအထိ ကိုထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ တရားဝင်ကုန်သွယ်ရေးသဘောတူထားတဲ့ မြန်မာစစ်ကောင်စီကတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ကမြို့တွေကိုလက်လွှတ်ထားရပြီး မောင်တောကနေ ကုန်စည်တ င်ပို့နိုင်ခြင်းမရှိတော့ပါဘူး။
ဆန်လိုအပ်ချက်မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်အတွက်တော့ ယခုအခြေအနေဟာ အခက်တွေ့စေပြီး၊ နတ်မြစ် တဘက်ကမ်းမှာရှိတဲ့ အာရက္ခတပ်တော်(AA)ဟာလည်း နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးအစိုးရ မဟုတ်တဲ့အတွက် ဆုံးဖြတ်ရခက်တဲ့ အနေအထားမှာရှိနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက သုံးသပ်ထားကြပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.