CNA၊ဂူးဂူး။
စစ်ကောင်စီရဲ့ ဂွမြို့အခြေစိုက် တပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ (၅၆၃) တပ်ရင်း နဲ့ ဂွမြို့ကိုလည်း အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
ဂွမြို့နယ် အတွင်းက စစ်ကောင်စီအခြေစစ်တပ်စခန်းဖြစ်တဲ့ ခမရ (၅၆၃) တပ်ရင်း နဲ့ မြို့ပေါ်မှာ ရှိတဲ့ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို အာရက္ခတပ်တော်က ဒီနေ့ မနက်ပိုင်းမှာပဲ အားလုံးကို ထိန်းချုပ်သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီနောက်မှာတော့ အာရက္ခတပ်တော်ဟာ ခမရ – ၅၆၂ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ကြည်း၊ရေ၊လေ ပူးပေါင်းကာခုခံတိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဒီနေ့မနက်မှာ မြို့တစ်ခုလုံးနဲ့ ခမရ – ၅၆၃ တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။အခုကတော့ ခမရ – ၅၆၂ တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်စစ်ကောင်စီကလည်း ကြည်း၊ရေ၊လေ ပူးပေါင်းပြီးတော့ တိုက်ခိုက်နေတယ်။မြို့နေရာတော်တော်များများကိုလည်း မီးလောင်တာတွေရှိနေတယ် စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့ အတွက်လို့”သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဂွမြို့မကျရှုံးစေရေးအတွက် ဂွ-ငသိုင်းချောင်းကားလမ်းကို အသုံးပြုပြီးတော့ စစ်ကူအင်အားပေးပို့နိုင်ဖို့ အကြိမ် ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် ရိုးလမ်းတလျှောက်မှာ အာရက္ခတပ်တော် အေအေက ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကူ အင်အား မရောက်နိုင်တဲ့ အတွက် မြို့ နဲ့ ခမရ – ၅၆၃ တပ်ရင်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ခိုက်နေတဲ့ ခမရ – ၅၆၂ တပ်ရင်းတွေမှာလည်း စစ်အင်အားနည်းနေတဲ့ အတွက် အဲဒီတပ်စခန်းကိုလည်း ဒီရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်မယ့် အနေအထားမှာရှိနေတယ်လို့ အဲဒီစစ်ရေး သတင်းအရင်းမြစ်ကပြောပါတယ်။
“အခုက ခမရ – ၅၆၂ မှာလည်း စစ်အင်အား သိပ်မရှိတော့ဘူး ဒီဖက်က ခမရ – ၅၆၃ ကထွက်ပြေးသွားတဲ့ အကောင်တွေ ပြီးတော့ ရဲစခန်းက ထွက်ပြေးသွားတဲ့ ကောင်တွေလောက်သာရှိတယ် ။ဒီအတိုင်းဆို ဒီတပ်ရင်းလည်း သိမ်ကြာမှာမဟုတ်ဘူး။ဒါပေမယ့် နေဗီကတော့ ရှိတယ် ဂွမြို့ အနီးမှာ အဲဒီ နေဗီကလည်း လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်နေတယ်လို့”ဆိုပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ တစ်နှစ်ကျော် ကာလ အတွင်းမှာ အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အပါအဝင် ရခိုင်က မြို့နယ် ၁၃ ခု နဲ့ ပလက်ဝဒေသ တစ်ခုလုံးကို သိမ်းပိုက် ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.