CNA၊ဒီဇင်ဘာ၊၂၁။
ဘူးသီးတောင်မြို့က အမှတ် (၄)ရပ်ကွက်က နေအိမ် ၂၀ ကျော်မီးလောင်ပျက်စီးမှုကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က စုံးစမ်းနေတယ်လို့ ဒီနေ့မှာ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။
ဖြစ်စဥ်ကတော့၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ညနေ (၄) နာရီ (၂၇) မိလောက်ကဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ အာလီဂျူဟ ရဲ့ နေအိမ်ကနေပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီကနေ တဆင့်အနီးဝန်းကျင်က နေအိမ် ၂၆ အိမ်ကို မီးကူးစက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို မီးလောင်မှုဖြစ်ပွားခဲ့တာကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) တပ်ဖွဲ့ဝင်တွေ ၊ ဒေသခံပြည်သူ လူထုတွေ နဲ့ပူးပေါင်းပြီးတော့ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တာကြောင့် အဲဒီနေ ညနေ ၆ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်ပရောက်နေကြတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)အရေး တက်ကြွလှုပ်ခြားသူ တချို့ကတော့ ဒီမီးလောင်မှုဟာ အာရက္ခတပ်တော်က ဝင်ရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုမှုတွေရှိနေတာကိုလည်းတွေ့နေရပါတယ်။
မီးလောင်မှုအတွင်း ပျက်စီးသွားခဲ့ရတဲ့ အိမ်ပိုင်ရှင်တွေကတော့ အောက်ပါအတိုင်းဖြစ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

၁။ အာလီဂျူဟ ၏ နေအိမ်၊
၂။ လာလာမော်ဒီလ် ၏ နေအိမ်၊
၃။ အီနုစ် ၏ နေအိမ်၊
၄။ အဒူရှော်ရှိ ၏ နေအိမ်၊
၅။ ဒေါ်လူ ၏ နေအိမ်၊
၆။ ဆော်လိုမာနီ၏ နေအိမ်၊
၇။ အီနုစ် ၏ နေအိမ်၊
၈။ ကာဘူ ၏ နေအိမ်၊
၉။ ဆိုက်ထူရော်မန် ၏ နေအိမ်
၁၀။ ရော်ဖိတ် ၏ နေအိမ်၊
၁၁။ ရော်မန် ၏ နေအိမ်၊
၁၂။ အဒူလာဇီ ၏ နေအိမ်၊
၁၃။ ဖိရုစ် ၏ နေအိမ်၊
၁၄။ အဒူလ္လာ ၏ နေအိမ်၊
၁၅။ တာကေရ်၏ နေအိမ်၊
၁၆။ မစောခင် ၏ နေအိမ်၊
၁၇။ ဆော်လိမ် ၏ နေအိမ်၊
၁၈။ ဆွေတာမိန်၏ နေအိမ်၊
၁၉။ ဆုလ်တန် ၏ နေအိမ်၊
၂၀။ ဆော်ဒူဇာဟာဆောင်း၏ နေအိမ်၊
၂၁။ မာမောက် ၏ နေအိမ်၊
၂၂။ အဘူနော်ဆောင်း၏ နေအိမ်၊
၂၃။ အာဘူဖွေယော့၏သား ဇူဟာရ်ရူး၏ နေအိမ်၊
၂၄။ မလှစိန် ၏ နေအိမ်
၂၅။ ဟာဘီရော်မာန်၏ နေအိမ်၊
၂၆။ အမည် (စုံစမ်းဆဲ) တို့၏ နေအိမ်များ မှာ မီးကူးစက်လောင်ကျွမ်းသွားခဲ့သည်။ စုစုပေါင်း (၂၆) အိမ်ခန့် မီးလောင်ကျွမ်းခဲ့ပါသည်။