CNA။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလအတွင်း တိုက်ပွားဖြစ်ပွားမှုနှုန်းဟာ အောက်တိုဘာလထက် ၂၈.၆ ရာခိုင်နှုန်း ပိုများလာတယ်လို့ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်လာပါတယ်။
နိုဝင်ဘာလအတွင်း တိုက်ပွဲဖော်ဆောင်မှုအများဆုံးတွေ့ရတဲ့နေရာတွေကတော့ ရခိုင်၊ စစ်ကိုင်းနဲ့ မကွေးတို့ဖြစ်ကြပြီး ရခိုင်က ပထမအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်အများစုဟာ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်တာ၊ ဒရုန်းတိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်စဉ်တွေမှာဆိုရင် နိုဝင်ဘာ ၅ရက်နေ့တုန်းက ဂွမြို့၊ တိုင်ကျိုးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့အသုံးပြုခဲ့တဲ့ ဒရုန်းဗုံးပြန်လည်ထိမှန်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။
တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် နိုဝင်ဘာလအတွင်း မြို့နယ်ပေါင်း ၁၂၄မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုဖြစ်စဉ် ၄၇၈ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၆ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အနည်းဆုံး ၁၁၈၉ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၄၄ဦးကိုလည်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အနည်းဆုံး ၆၉ဦး ဒဏ်ရာရခဲ့ပြီး ၄၅ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၂၇ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၇၁ဦးသေဆုံးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာဟာ နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်စဉ်တွေကို သတင်းဌာနပေါင်း ၄၀နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို ဆန်းစစ်လေ့လာထားတာဖြစ်ပြီး ဖြစ်စဉ်အရေအတွက်နဲ့ ထိခိုက်သေဆုံးမှုအရေအတွက်တွေဟာ မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့လည်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အသိပေးထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.