Home သတင်း စစ်ရေး ဂွကို စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နိုင်ဖို့ကြိုးစားတာတွေ ရှိနေ

ဂွကို စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နိုင်ဖို့ကြိုးစားတာတွေ ရှိနေ

80
0

အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ ဂွမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ပြန်လည်ဝင်ရောက်ဖို့ ကြိုးစာနေတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက CNA ကို ပြောပါတယ်။

အာရက္ခတပ်တော် ဟာ ဂွမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရယူခဲ့ပြီးနောက် စစ်ကောင်စီက ဂွမြို့နယ်အတွင်းကို ပြန်လည်ဝင်ရောက်နိုင်ဖို့စစ်ကူအင်အားတွေ ပို့နေတာရှိပြီး တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်တာတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။

“အကြမ်းဖက်စစ်ကောင်စီဖက်က စစ်ကူအင်အားတွေထပ်ဖြည့်ပြီးဂွမြို့အနီးတဝိုက်သို့ပြန်လည်ဝင်ရောက်ဖို့ကြိုးစားနေတာတွေရှိတဲ့အတွက် တချို့နေရာတွေမှာတိုက်ပွဲတွေဆက်လက်ပြန်းထန်နေတာရှိပါတယ်။ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီရဲ့ လေတပ်ကဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေဆဲဖြစ်သလို ရေတပ်ကလဲဘဲ ဧရာဝတီတိုင်း ၊ ကမ်းသာယာကမ်းခြေအနီးရေပြင်ထက်မှ ရေကြောင်းပစ်ကူ လက်နက်ကြီးတွေနှင့်တောက်လျောက်ပစ်ခတ်နေတာတွေရှိတယ်လို” ဆိုပါတယ်။

အဲဒီလို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကြောင့် ဂွမြို့ အတွင်းက နေရာ တော်တော်များများမှာ မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ ဂွဒေသခံ သတင်း အရင်းအမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ ဂွ နဲ့ ဧရာဝတီလမ်းတလျှောက်မှာရှိနေတဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ ဂွမြို့ဒေသခံတစ်ဦးကပြောပါတယ်။

“ဂွမြို့က ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်တွေကတော့ ဂွ နဲ့ ဧရာဝတီလမ်းတလျှောက်မှာ ရှိတဲ့ ဗောဓိတံတားကို မိုင်းခွဲဖျက်ဆီးလိုက်လို့ တံတားတွေပျက်စီးသွားပြီလို့ သိရတယ်။အဓိကတော့ ဂွကို အေအေ သိမ်းလိုက်တော့ ဧရာဝတီထဲကို မလာရအောင်ဆိုပြီးတော့ လမ်းတွေ ဖျက်ဆီးလိုက်တဲ့ သဘောပေါ့လို့”သူကပြောပါတယ်။

ဂွမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း နှစ်ရင်းဖြစ်တဲ့ ခမရ (၅၆၂)၊ ခမရ (၅၆၃)ကို အာရက္ခတပ်တော်က ဒီဇင်ဘာလ (၂၉) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်မှာ ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း သိမ်းပိုက်ခဲ့ပြီးနောက် ဂွမြို့ကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၇၀၀ ထက်မနည်းသေဆုံးနိုင်တယ်လို့လည်း အာရက္ခတပ်တော်က ခန့်မှန်းထားပါတယ်။

ဂွမြို့ဟာ ၂၀၂၄ခုနှစ်ခုအတွင်း အာရက္ခတပ်တော်ရဲ့ နောက်ဆုံးသိမ်းပိုက်ရရှိတဲ့မြို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်းက မြို့ ၁၄မြို့နဲ့ ပလက်ဝဒေသတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here