Home သတင်း လွတ်လပ်ရေးနေ့ အနေနဲ့ အကျဥ်းသား ၅ဝဝဝကျော်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီထုတ်ပြန်

လွတ်လပ်ရေးနေ့ အနေနဲ့ အကျဥ်းသား ၅ဝဝဝကျော်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီထုတ်ပြန်

64
0
စစ်တွေ အကျဥ်းထောင်မြင်ကွင်း/ပုံဟောင်း။ CNA

CNA၊ဇန်နဝါရီ ၊ ၄ ။

ဒီနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အနေ နဲ့ နိုင်ငံတဝန်းအကျဥ်းထောင်အသီးသီးက အကျဥ်းသား၊အကျဥ်းသူ စုစုပေါင်း ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပြုပေးခဲ့တယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းချမ်းသာပေးတဲ့ သူတွေထဲမှာ နိုင်ငံခြားသား အကျဥ်းသူ၊အကျဥ်းသား ၁၈၀ ကိုလည်းလွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ထောင်ဒဏ် တသက်ကျခံနေရသူ ၁၄၄ ဦးကိုလည်း ၁၅ နှစ် ထောင်ဒဏ်ကို ပြောင်းလဲပေးခဲ့သလိုတစ်နိုင်ငံလုံးက အကျဥ်းထောင်တွေထဲမှာ ပြစ်မှုတစ်ခုခုကျူးလွန်ပြီးတော့ ပြစ်ဒဏ်ကျခံနေရတဲ့အကျဥ်းသား၊အကျဥ်းသူ အားလုံးကိုတော့ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီပြစ်ဒဏ်ကင်းလွတ်ခွင့်တွေထဲမှာတော့ လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုတွေ မပါဘူးလိုဆိုထားသလို ဒီပြစ်ဒဏ်ကင်းလွတ် ခွင့်ပေးတဲ့ နေရာမှာလည်း စည်းကမ်းသတ်မှတ်ချက် နဲ့ လွတ်ပေးခဲ့တာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တကြိမ်ထပ်မံပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့ပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here