Home သတင်း မြန်မာမှာ လူဦးရေ ၁၅သန်းကျော် စားနပ်ရိက္ခာပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရသလို ကပ်ရောဂါကူးစက်ပြန့်ပွါးမှုနှုန်းလည်း မြင့်တက်နေတယ်လို့ဆို

မြန်မာမှာ လူဦးရေ ၁၅သန်းကျော် စားနပ်ရိက္ခာပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရသလို ကပ်ရောဂါကူးစက်ပြန့်ပွါးမှုနှုန်းလည်း မြင့်တက်နေတယ်လို့ဆို

34
0

CNA၊ ဇန်နဝါရီ၊ ၈။

မြန်မာနိုင်ငံအတွင်းက လူဦးရေ ၁၅သန်းကျော်လောက်ဟာ ကြီးမားတဲ့ စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ကာလဝမ်းရောဂါအပါအဝင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှုန်းဟာလည်း တိုးမြင့်နေတယ်လို့ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက ထုတ်ပြန်လာပါတယ်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ ယူနိုက်တက်ကင်းဒမ်းအစိုးရတွေဟာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြ

ပ်အတည်းတွေကို အဖြေရှာဖို့ ဇန်နဝါရီ ၆ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ တိုးမြင့်နေပြီး၊ အကူအညီပေးအပ်မှုတွေကိုလည်း အာဏာရှင်အဖွဲ့အစည်းတွေက ပိတ်ပင်ထား တာကြောင့် ပိုမိုဆိုးဝါးလာနေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေကြောင့် လူဦးရေ ၃.၅သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရပြီး တချို့မှာ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို၊ လူဦးရေ ၁၅ သန်းကျော်ဟာလည်း ကြီးမားတဲ့ စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဆေးဝါးအထောက်အကူတွေ ပေးပို့တဲ့နေရာတွေမှာလည်း ကန့်သတ်မှုတွေရှိတာကြောင့် ကာလဝမ်းရောဂါအပါအဝင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှုန်း ဟာလည်း တိုးမြင့်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အကြမ်းဖက်မှုတွေလျော့ချဖို့၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာဖို့ နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ တိုင်းရင်းသား နဲ့ လူနည်းစုအသိုက် အဝန်းတွေ အပါအဝင် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအားလုံးဆီကို အသက်ကယ်ဆယ်ရေးဆိုင်ရာအကူအညီတွေပေးအပ်နိုင်ဖို့ကို လည်း တိုက် တွန်းတယ်လို့ဆိုပါတယ်။

ဒီတိုက်တွန်းမှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာနဲ့ အတားအဆီးမရှိပေးအပ်ခွင့်ပြုဖို့အတွက် စစ်အာဏာရှင်အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံအတွင်းက အားလုံးသော လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆိုပြီး ပဋိပက္ခကို ရပ်တန့်ဖို့၊ တင်းမာမှုတွေကို ဖြေလျှော့ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ဖို့လည်း အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက ထပ်မံ တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ရပ်နဲ့ အညီ အာဆီယံဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အပါအဝင် အကျပ်အတည်းကို အဖြေရှာရာမှာ အာဆီယံအဖွဲ့အစည်းရဲ့ အဓိိကကျတဲ့ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံပြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း အသိမှတ်ပြုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်မှန်ပြီး အပြုသဘောဆောင်တဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ အပြန်အလှန်ဆွေးနွေးမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးစားမှုနဲ့အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိရေး တောင်းဆိုမှုတွေအပေါ် ဆက်လက် အားပေးထောက်ခံသွားမယ်လို့လည်း အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here