CNA၊ဂူးဂူး။
မနေ့က ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ ရမ်းဗြဲမြို့နယ် အ တွင်းက ကျောက်နီမော်ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရပြီး ၅၀ ကျော် အပြင်း အထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက CNA ကိုပြောပါတယ်။
အဲဒီစစ်ကောင်စီ လေကြောင်းကနေတဆင့် ကြဲချလိုက်တဲ့ ဗုံးဟာ ကျောက်နီမော် တိုက်နယ်အတွင်းကတောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် တွေကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်တွေလည်း များစွာပျက်စီးသွားခဲ့ရတယ်လို့ဆိုပါတယ်။
“သေတာက လက်ရှိ ၄၀ ကျော်တယ်၊ဒဏ်ရာရတာက ၅၀ ကျော်တယ် ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း အပြင်းအထန် နဲ့ အသက်စိုးရိမ်းရသူတွေ အများစုပါနေသေးတယ်။အသေးစိတ်အချက်အလက်တွေကိုတော့ ကောက်နေတုန်းပါလို့”သူကပြောပါတယ်။
သေဆုံးဒဏ်ရာ ရသူတွေထဲမှာ ရခိုင်လူမျိုးအပါအဝင်၊ကမန် နဲ့ မွတ်ဆလင်တွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။



“သေတာကတော့ ကမန် နဲ့ မွတ်ဆလင်တွေ များပါတယ်။ရခိုင်လူမျိုးတွေလည်းပါတော့ပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အဲဒီကျောက်နီမော်တိုက်နယ်က ရပ်ကွက်တွေကိုတိုက်ပွဲတစုံတစ်ရာဖြစ်ပွါးတာမရှိဘဲ လူနေရပ်ကွက်တွေကို အကြောင်းမဲ့ သက်သက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီအခြေအနေ နဲ့ ပတ်သက်ပြီး CNA အနေ နဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ စာရင်းတွေကို ဆက်လက်ကောက်ယူလျှက်ရှိနေပြီး ပြန်လည်တင်ပြပေးသွားမည်ဖြစ်ပါသည်။








**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.