Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရပြည်သူတွေ ဆေးဝါးအကူအညီလိုအပ်နေ

ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရပြည်သူတွေ ဆေးဝါးအကူအညီလိုအပ်နေ

37
0

CNA၊ဂူးဂူး။

ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ဒဏ်ရာရသွားတဲ့ ဒေသခံပြည်သူတွေ ဆေးဝါးအရေးပေါ် ကုသရေးအတွက် အကူအညီတွေများစွာလိုအပ်နေတယ်လို့ ဒေသခံ တွေက CNA ကိုပြောပါတယ်။

“အခုက လူနာတွေကို အတတ်နိုင်ဆုံးလုပ်ပေးနေတယ်ဆိုပေမယ် အရမ်းထိခိုက်ဒဏ်ရာရတော့ အရက်ပျံ နဲ့ ဆေးဝါတောင် လုံလောက်အောင်မလုပ်ပေးနိုင်ဘူးဖြစ်နေတယ်။ဆေးဝါးကတော့ အရေးပေါ်အရမ်းလိုအပ်နေတယ်လို့”ဒေသခံ တစ်ဦးက CNA ကိုပြောပါတယ်။

စစ်ကောင်စီဟာမနေ့က ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ ရမ်းဗြဲမြို့နယ် အ တွင်းက ကျောက်နီမော်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိစာရင်းတွေအရ ဒေသခံပြည်သူ ၄၁ ဦးသေဆုံးခဲ့ရပြီး ၅၀ ကျော် အပြင်း အထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။

အဲဒီစစ်ကောင်စီ လေကြောင်းကနေတဆင့် ကြဲချလိုက်တဲ့ ဗုံးဟာ ကျောက်နီမော် တိုက်နယ်အတွင်းကတောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် တွေကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ် ၅၀၀ ကျော်ဟာလည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။

သေဆုံးဒဏ်ရာ ရသူတွေထဲမှာ ရခိုင်လူမျိုးအပါအဝင်၊ကမန် နဲ့ မွတ်ဆလင်တွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ အဲဒီကျောက်နီမော်တိုက်နယ်က ရပ်ကွက်တွေကိုတိုက်ပွဲတစုံတစ်ရာဖြစ်ပွါးတာမရှိဘဲ လူနေရပ်ကွက်တွေကို အကြောင်းမဲ့ သက်သက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒီအခြေအနေ နဲ့ ပတ်သက်ပြီး CNA အနေ နဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ စာရင်းတွေကို ဆက်လက်ကောက်ယူလျှက်ရှိနေပြီး ပြန်လည်တင်ပြပေးသွားမည်ဖြစ်ပါသည်။

ပုံ/ APM

LEAVE A REPLY

Please enter your comment!
Please enter your name here