Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီက ကျောက်တော်မြို့ထဲကို လေကြောင်းဗုံးကြဲလို့ ၂ ဦးထက်မနည်းသေဆုံး ဒဏ်ရာရသူအများအပြားရှိ

စစ်ကောင်စီက ကျောက်တော်မြို့ထဲကို လေကြောင်းဗုံးကြဲလို့ ၂ ဦးထက်မနည်းသေဆုံး ဒဏ်ရာရသူအများအပြားရှိ

39
0
ပုံ၊ဇန်နဝါရီ ၈ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်နီမော်တိုက်နယ်အတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးနေမှုမြင်ကွင်း။

CNA၊လင်းလင်း။

ဒီနေ့မနက် ၉ နာရီ ၃၀ ကျော်မှာ စစ်ကောင်စီက လေကြောင်းက ဗုံး ၃ လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူနေရပ်ကွက်တွေထဲကို ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာ ရသူ အများအပြားရှိနေတယ်လို့ ကနဦးသတင်းတွေ အရသိရပါတယ်။

“ကျောက်တော်မြို့ထဲက မြစိမ်းရောင်တည်ခိုခန်းအနာက နှစ်ဦး​​ သေတယ်။ ၊စျေးအနီး၊ရွှေဆိုင်တန်းတွေအနီးကိုလည်း ဗုံးကျရောက်ပေါက်ကွဲတာရှိတယ်။ဒဏ်ရာရသူတွေအများအပြားရှိတယ်လို့သိရတယ်။စာရင်းအတိအကျ မသိရသေးဘူးလို့ “ကျောက်တော်မြို့ခံတစ်ဦးကပြောပါတယ်။။

ဒီအခြေအနေအသေးစိတ်ကို အတ်အကျသိရှိနိုင်ဖို့အတွက် CNAက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်လောက်ကလည်း ရမ်းဗြဲမြို့နယ် ထဲက ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၁ ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ၅၀ ကျော်ဟာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသလို လူနေအိမ် ၅၀၀ နီပါးဟာလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here