Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ရခိုင်မှာ စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်လို့ နှစ်ပတ်အတွင်း ပြည်သူ ၅၀ ကျော်သေဆုံး ၈၀ ကျော်ဒဏ်ရာရ

ရခိုင်မှာ စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်လို့ နှစ်ပတ်အတွင်း ပြည်သူ ၅၀ ကျော်သေဆုံး ၈၀ ကျော်ဒဏ်ရာရ

108
3

ရခိုင်မှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ရပြီး ၈၀ ကျော်ဒဏ်ရာ ရရှိခဲ့ တာကို CNA ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်ပတ်အတွင်းမှာ ရခိုင်က ဂွမြို့နယ်၊ကျောက်တော်မြို့နယ်၊ရမ်းဗြဲမြို့နယ်၊မြေပုံမြို့နယ် နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေကို လေကြောင်းကနေတဆင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီထဲက ရမ်းဗြဲမြို့နယ် အတွင်းက ကျောက်နီးမော်တိုက်နယ်ကို ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကောင်စီက လူနေရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄၁ ဦးအစု လိုက်အပြုံလိုက်သေဆုံးခဲ့ရသလို ပြည်သူ ၅၀ ကျော်ဟာလည်း ဒဏ်ရာ ရရှိခဲ့ရပါတယ်။

အဲတာတွေအပြင် ကျောက်နီမော်တိုက်နယ်အတွင်းမှာ ရှိနေတဲ့ ဒေသခံပြည်သူ နေအိမ် ၄၀၀ နီးပါးလောက်ဟာလည်း မီးလောက်ပျက်စီးသွားခဲ့ရပါတယ်။

အဲဒီနောက် ကျောက်တော်မြို့နယ်အတွင်းက ကျောက်တော်မြို့ဈေးပတ်ဝန်းကျင်အပါအဝင် နေရာအများစုကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးသေဆုံးခဲ့ရပြီး ပြည်သူ ၃၀ လောက်ဟာ လည်း ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့တွေမှာလည်း ဂွမြို့နယ် နဲ့ မြေပုံမြို့နယ်အတွင်းက ကမ်းထောင့်ကြီးမြို့တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကမ်းထောင့်ကြီးမြို့နယ် အတွင်းက အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို ဂွမြို့နယ် အတွင်းက ပြည်သူ တစ်ဟာလည်း သေဆုံးခဲ့ရပြီး နောက်ထက်တစ်ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက အင်ဇုံပြင်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦးဟာလည်းသေဆုံးခဲ့ရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီဟာ ULA /AA အနေ နဲ့ စစ်ရေးကိုနိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာ ဆက်တိုက်ဆိုသလို အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

CNA ၊ မြတ်သူ။

3 COMMENTS

  1. Prom might be just one night, but this book is forever. Better Than the Prom captures the essence of youth and possibility. If you are searching for the PDF, you are looking for a story that feels authentic. The dialogue is snappy and modern, reflecting how teenagers actually speak. It avoids the clichés of the genre while paying homage to them. It is a smart, funny, and incredibly romantic book that deserves a spot in your digital library.

  2. Совершил заказ снова!и буду продолжать это делать,продавец ОЧЕНЬ понимающий человек!:hello::monetka: огромный респект! https://artanasim.com Может стоит внимательно посмотреть в ветке что есть резервный жаббер ? основной уже 6 дней не работает , какие то сбои, но резерв ведь работает, привыкли панику поднимать на ровном месте.Тут охота чисто на клиентов. Ребята подскажите JTE-907 1 к скольки делать и сколько по времени прет?

LEAVE A REPLY

Please enter your comment!
Please enter your name here