CNA ၊ဇန်နဝါရီ ၊ ၁၄ ။
ဒီနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းတွေဆီကို စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ရဲ (၂၉) ဦး အလင်းဝင်ရောက် ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေး ဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လာပါတယ်။
ဇန်နဝါရီလ (၂) ရက်နေ့မှာ ဆောမြို့မရဲစခန်းက ရဲတပ်သား (၁) ဦးဟာ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုအလင်းဝင်ရောက်ခဲ့သလို ဇန်နဝါရီလ (၆) ရက်နေ့မှာလည်း ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းက စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးဟာ MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်ဘောက် (၉) ခုနဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း ၃ နဲ့ ၅ ထံဆီကို အလင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းမှာ ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းက စစ်ကောင်စီတပ်သား ၁၆ ဦးဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၎င်းတိုထံကနေ ၈၀မမ (၁) လက်၊ ၆၀မမ (၁) လက်၊ စက်လက် (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1 ၇လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 ၁လက် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇန်နဝါရီလ (၉) ရက်နေ့မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းကနေရဲတပ်သား (၁) ဦးဟာ G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်ဘောက် (၂) ခုတို့နဲ့ ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံကို အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းက တပ်သား (၂) ဦးဟာလည်း MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပိုကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုတို့နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း-၈ ထံကို အလင်းဝင်ရောက်ခဲ့တာ်လို့ အသိပေးထားပါတယ်။
ဇန်နဝါရီလ (၁၀) ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာမှာ ယာယီအခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ ခမရ-၁၃က ပြည်သူ့စစ်တပ်သား (၂) ဦးဟာ MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာလည်း အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၅) သင်တန်းဆင်း ခမရ ၅၅၉မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား၂ဦး ဟာတောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းဆီကိုလက်နက်တွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဆိုပါတပ်သား ၂ဦးဟာ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းမှုမှာပါဝင်ခဲ့ကြရသူတွေဖြစ်ပြီး ၎င်းတို့နဲ့အတူ MA-1 (၁)လက်၊ MA-3 (၁)လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး (၁) လုံး ကိုလည်း ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်းမှာတင် အလင်းဝင်ရောက်လာသူတွေဆီကနေ MA–1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁)လက်၊ G-3 (၂) လက်၊ MA ကျည်ဘောက် (၂၉) ဘောက် ၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ ၈၀မမ (၁)လက်၊ ၆၀မမ (၁)လက်၊ လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပိုကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး တို သိမ်းဆည်း ရရှိခဲ့တယ်လို့လည်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။